သုံးရလွယ်ကူစေသည့် Link များ

ဆီးရီးယားနိုင်ငံ Aleppo မြို့မှာ ဆီးရီးယားအစိုးရတပ်ဖွဲ့တွေနဲ့ မဟာမိတ် ရုရှားတပ်တွေက သူပုန်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့ရဲ့ အရှေ့ပိုင်းဒေသကို တနင်္လာနေ့က ၄ ရက် ဆက်တိုက်အဖြစ် ဗုံးကြဲ တိုက်ခိုက်မှုတွေ တိုးမြင့် လုပ်ဆောင်ခဲ့တဲ့အတွက် အနည်းဆုံး လူပေါင်း ၁၀၀ လောက် သေဆုံးခဲ့တယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။

သေဆုံးသူတွေထဲ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ Society of Anglican သာသနာပြုအဖွဲ့က ကယ်ဆယ်ရေးဝန်ထမ်းတွေက Twitter လူမှုကွန်ယက်မှာ ရေးသား ဖော်ပြကြပါတယ်။ ဒါ့အပြင် ဆေးဝါး အထောက်အကူတွေ ထပ်မရောက်တော့တဲ့အတွက် ကျန်းမာရေး ၀န်ထမ်းတွေနဲ့ ဆေးရုံတွေမှာ လူနာတွေနဲ့ ပြည့်ကျပ်နေတယ်လို့ ဆိုပါတယ်။

ဆီးရီးယားသမ္မတ Bashar al-Assad နဲ့ သူ့ရဲ့ မဟာမိတ်ဖြစ်တဲ့ ရုရှားနိုင်ငံတို့ဟာ Aleppo မြို့ကို သိမ်းပိုက်နိုင်ဖို့ လုပ်ဆောင်နေကြပုံရပြီး အဲဒီလို လုပ်ဆောင်နေရင်းနဲ့ပဲ မြို့ကို ဖျက်ဆီးနေကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ထွက်ပေါ်လာတဲ့ သတင်းတွေကို တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

ဆီးရီးယားသမ္မတ Assad အစိုးရဟာ ညီညွတ်ရေး ညွန့်ပေါင်းအဖွဲ့မှာ ပါဝင်ဖို့အတွက် ပြင်ဆင်နေကြောင်း ထိပ်တန်း ဆီးရီးယားသံတမန်တဦး ပြောတာကို ကိုးကားပြီး Damascus မြို့က ရုပ်မြင်သံကြားသတင်းဌာနရဲ့ ပြောဆိုမှုကိုလည်း ၀န်ကြီး ကယ်ရီက လျော့ပေါ့ ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG