သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Aleppo သူပုန်ထိန်းချုပ်ရာကို ဆီးရီယားလေကြောင်း တိုက်ခိုက်


Aleppo သူပုန်ထိန်းချုပ်ရာနေရာကို ဆီးရီယားလေကြောင်း တိုက်ခိုက်
Aleppo သူပုန်ထိန်းချုပ်ရာနေရာကို ဆီးရီယားလေကြောင်း တိုက်ခိုက်

ဆီးရီးယား နိုင်ငံ၊ အလက်ပိုမြို့ အရှေ့ပိုင်းက သူပုန်တွေ ထိန်းချုပ်ရာ ဒေသတွေကို ဆီးရီးယားနဲ့ ရုရှား တိုက်လေယာဉ်တွေက ဒီကနေ့ တနင်္ဂနွေနေ့မှာ ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အလက်ပိုမြို့တွင်း အကြမ်းဖက်မှုတွေကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဆွေးနွေးဖို့ နာရီပိုင်း အလိုမှာ အခုလို တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။ ခန့်မှန်းခြေ လူ ၂ သိန်းခွဲလောက် ရှိတဲ့ မြို့ထဲက လူနေရပ်ကွက်တွေကို တိုက်ခိုက်ရေး သမားတွေက ဦးတည် တိုက်ခိုက်နေတာ ဖြစ်ပြီး တိုက်ခိုက်မှုတွေကြောင့် အဆောက်အအုံတွေ ပြိုကျ ပျက်စီးနေပြီး လမ်းမတွေပေါ်မှာလည်း အပျက်အစီးတွေ အင်္ဂတေတုံးတွေနဲ့ ပြည့်နှက်နေပါတယ်။ တိုက်ခိုက်မှုတွေထဲမှာဆိုရင် မစ်ဇိုင်းလ် ဒုံးကျည်တွေ၊ အဆင့်ဆင့် ပေါက်ကွဲစေတဲ့ စည်ပိုင်းဗုံးတွေ၊ အမြောက်တွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေလည်း ပါဝင်ပါတယ်။

အမေရိကန်နဲ့ ရုရှားတို့ ကြားဝင် ညှိနှိုင်းပေးခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး ပြိုကွဲခဲ့ရပြီး ဆီးရီးယား အစိုးရတပ်က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စလို့ ထိုးစစ်ဆင် တိုက်ခိုက်ချိန်ကစလို့ လူ ၁၀၀ ကျော် သေဆုံးခဲ့ရတဲ့ အထဲမှာ အများစုက အရပ်သားတွေ ဖြစ်တယ်လို့ ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။ သက်တမ်း ၆ နှစ် ရှိလာပြီ ဖြစ်တဲ့ ဆီးရီးယား ပြည်တွင်းစစ်ကြောင့် လူပေါင်း သိန်းနဲ့ချီ သေဆုံးခဲ့ရပြီး လူပေါင်း ၁၁ သန်းတို့ကတော့ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲနိုင်ဖို့ ရုရှားဘက်မှာ တာဝန်ရှိတယ်လို့ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပ မဟာမိတ်တို့က ပြောဆိုပြီး ဆီးရီးယား နိုင်ငံတွင်း အပစ်ရပ်ရေး အတွက် ရုရှားဘက်က အထူးအလေးထား လုပ်ဆောင်ဖို့လည်း တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG