သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယ်လ်ဂျီးရီယား ဓာတ်ငွေ့စက်ရုံ စီးနင်းမှု အနည်းဆုံး ၈၀ သေဆုံး


အယ်လ်ဂျီးရီးယားစစ်တပ် ဝင်ရောက် ကယ်ဆယ်မှုအပြီး သဘာဝဓာတ်ငွေ့ စက်ရုံဝန်းကို တွေ့ရပုံ။ (ဇန်နဝါရီလ ၂၀ ရက်၊ ၂၀၁၃)။
အယ်လ်ဂျီးရီးယားစစ်တပ် ဝင်ရောက် ကယ်ဆယ်မှုအပြီး သဘာဝဓာတ်ငွေ့ စက်ရုံဝန်းကို တွေ့ရပုံ။ (ဇန်နဝါရီလ ၂၀ ရက်၊ ၂၀၁၃)။
အယ်လ်ဂျီးရီးယား သဲကန္တရထဲက သဘာဝဓာတ်ငွေ့ဝန်းကို စစ်သွေးကြွတွေ ဝင်စီးမှုနဲ့ ဓားစာခံတွေကို စစ်တပ်က ဝင်ရောက် ကယ်ဆယ်မှု အတွင်း နိုင်ငံခြားသား အများအပြား အပါအဝင် သေဆုံးသူစုစုပေါင်း ၈၀ ထက်မနည်း ရှိတယ်လို့ အယ်လ်ဂျီးရီးယား တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ တနင်္ဂနွေနေ့က စက်ရုံဝန်းကို တာဝန်ရှိသူတွေက ပိုက်စိပ်တိုက် ရှာဖွေရာမှာ နောက်ထပ် အလောင်း ၂၅ လောင်း ကို တေ့ွရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အလောင်းတွေဟာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့အတွက် ဓားစာခံတွေလား၊ စစ်သွေးကြွတွေလားဆိုတာ ပြောဖို့ ခက်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

စနေနေ့က ဝင်ရောက်စီးနင်းမှုအတွင်း စစ်သွေးကြွ ၅ ယောက်ကို အယ်လ်ဂျီးရီးယား တပ်တွေက ဖမ်းဆီးမိခဲ့ပါတယ်။ ဝင်ရောက်စီးနင်းမှု အတွင်း စစ်သွေးကြွတွေက ဓားစာခံ ၇ ယောက်ကို သတ်ပစ်ခဲ့သလို Algeria တပ်တွေကလည်း ပြန်ပေးသမား ၁၁ ယောက်ကို သုတ်သင်ခဲ့တယ်လို့ အယ်လ်ဂျီးရီးယား အစိုးရသတင်းအေဂျင်စီက ပြောပါတယ်။

စက်ရုံဝန်းကို တပ်တွေ စတင် ဝင်ရောက်ချိန်ကလည်း စစ်သွေးကြွတွေရော၊ ဓားစာခံတွေပါ တော်တော် များများ သေဆုံးခဲ့ကြပါတယ်။ တချို့ဓားစာခံတွေ ကတော့ ထိခိုက်မှု မရှိဘဲ ပြန်လွတ်လာကြပါတယ်။ In Amenas ဓာတ်ငွေ့စက်ရုံဝန်းကို စစ်သွေးကြွတွေ ဗုဒ္ဓဟူးနေ့က ဝင်ရောက်စီးနင်းပြီး ဓားစာခံတွေကို ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။ အစ္စလာမ်စစ်သွေးကြွခေါင်းဆောင် Mokhtar Belmokhtar က ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာလို့ ဆိုပါတယ်။
XS
SM
MD
LG