သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယ်လ်ဂျီးရီးယားမှာ ဓားစားခံ ၂၃ ယောက်သေဆုံး


ပြန်ပေးသမားတွေ လက်ထဲက ကယ်ထုတ်ခဲ့တဲ့ နော်ဝေနိုင်ငံသားတဦးကို Amenas မြို့ ရဲစခန်းအနီး တွေ့ရစဉ်။ (ဇန်နဝါရီလ ၁၉ ရက်၊ ၂၀၁၃)။
ပြန်ပေးသမားတွေ လက်ထဲက ကယ်ထုတ်ခဲ့တဲ့ နော်ဝေနိုင်ငံသားတဦးကို Amenas မြို့ ရဲစခန်းအနီး တွေ့ရစဉ်။ (ဇန်နဝါရီလ ၁၉ ရက်၊ ၂၀၁၃)။
အယ်လ်ဂျီးရီးယား (Algeria) နိုင်ငံမှာ နိုင်ငံခြားသားတွေ ပါဝင်တဲ့ ပြန်ပေးဆွဲခံရမှုကြီးဟာ ပြန်ပေးဆွဲ ခံရသူ ၂၃ ယောက်နဲ့ စစ်သွေးကြွ ၃၂ ယောက်တို့ သေဆုံးခဲ့ပြီး အဆုံးသတ်သွားတယ်လို့ အယ်လ်ဂျီးရီးယား ပြည်ထဲရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။ ပြန်ပေးသမားတွေကို ကယ်တင်တဲ့ စစ်ဆင်ရေးမှာ နိုင်ငံခြားသား ၁၀၇ ယောက်နဲ့ အယ်လ်ဂျီးရီးယား လူမျိုး ၆၈၅ ယောက်ကို ကာ်တင်နိုင်ခဲ့တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက စနေနေ့က ပြောကြားခဲ့ပါတယ်။

ပြန်ပေးဆွဲခံရသူ အမြောက်အများကို ဖမ်းထားတဲ့ အစ္စလာမ်မစ်တွေကို နောက်ဆုံး တိုက်ခိုက်တဲ့အနေနဲ့ သူတို့ရှိရာ သဲကန္တရထဲက ဓာတ်ငွေ့စက်ရုံဝန်းကို စနေနေ့ အစောပိုင်းက အယ်လ်ဂျီးရီးယား အထူးတပ်တွေက ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ အယ်လ်ဂျီးရီးယား အစိုးရပိုင် APS သတင်းအေဂျင်စီက ပြောပါတယ်။ သွေးအေးပြီး ခေါင်းမာတဲ့ အကြမ်းဖက်သမားတွေနဲ့ အပေးအယူလုပ်ဖို့ မဖြစ်နိုင်တဲ့အခြေအနေမှာ အယ်လ်ဂျီးရီးယား အစိုးရရဲ့ ဒီကိစ္စအပေါ် ကိုင်တွယ်ပုံဟာ သင့်တော်တယ်လို့ ပြင်သစ်နိုင်ငံက ပြောကြား ထောက်ခံခဲ့ပါတယ်။

ဒီပြန်ပေးဆွဲခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး Philip Hammond နဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panetta တို့ လန်ဒန်မြို့မှာ ဆွေးနွေးခဲ့ကြပါတယ်။ သေဆုံးမှုတွေအတွက် အကြမ်းဖက်သမားတွေမှာ အပြည့်အဝ တာဝန်ရှိတယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ကတော့ ပြန်ပေးဆွဲခံရတဲ့ အမေရိကန်တွေရဲ့ သတင်း ခိုင်ခိုင်မာမာ မရသေးသရွေ့ သူ့အနေနဲ့ တစုံတရာ မှတ်ချက်မပေးလိုဘူးလို့ ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG