သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယ်လ်ဂျီးရီးယားလေယာဉ်ပျက် လိုက်ပါသူ အားလုံး သေဆုံး


အယ်လ်ဂျီးရီးယား လေယာဉ်ပျက်ကျတဲ့နေရာပြမြေပုံ။
အယ်လ်ဂျီးရီးယား လေယာဉ်ပျက်ကျတဲ့နေရာပြမြေပုံ။

ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၁၁၆ နဲ့အတူ မာလီနိုင်ငံမှာ ပျက်ကျသွားခဲ့တဲ့ Algerie လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်ပျက်ကနေ အသက်ရှင် ကျန်ရစ်သူကို မတွေ့ရဘူးလို့ ပြင်သစ်သမ္မတ Francois Hollande က ပြောပါတယ်။

Burkina Faso ကနေ Algeria ကိုအသွား လမ်းခုလတ်မှာ ကြာသပတေးနေ့က ပျက်ကျသွားခဲ့တဲ့ အဲဒီလေယာဉ်ပေါ်မှာ ပြင်သစ် နိုင်ငံသား ၅၁ ဦး ပါသွားတာဖြစ်ပြီး အဲဒီ လေယာဉ်ပျက်ကျတဲ့နေရာကို ကာကွယ် စောင့်ရှောက်ဖို့ ပြင်သစ်တပ်ဖွဲ့ဝင်တွေကို စေလွတ်ထားတာ ဖြစ်ပါတယ်။

လေယာဉ် ပျံသန်းမှု မှတ်တမ်းတင်ကိရိယာ Black Box ကို အခု ပြန်တွေ့ပြီးဖြစ်ပြီး စုံစမ်း စစ်ဆေးမှုတွေကို ဆက်လက် ပြုလုပ်နေတယ်လို့ သမ္မတ အိုလန်းက ပြောပါတယ်။ လေယာဉ် ဘာကြောင့်ပျက်ကျတယ်ဆိုတဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးပေမယ့် ရာသီဥတု ဆိုးရွားမှုကြောင့် ပျက်ကျတာ ဖြစ်နိုင်တယ်လို့ ပြင်သစ် အရာရှိတွေက ယူဆနေကြပါတယ်။

အဲဒီ ဒေသမှာ စစ်သွေးကြွတွေ သွားလာ လှုပ်ရှားမှုရှိနေတဲ့အတွက် အကြမ်းဖက်သမားတွေ ပစ်ချတာမဟုတ်ဘူးလို့လည်း အတိအကျ ပြောလို့မရသေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် လေယာဉ်ပျက်ရဲ့ အစိတ်အပိုင်းတွေဟာ သိပ်ကျယ်ပြန့်တဲ့နေရာတွေအထိ ပြန့်ကျဲနေခြင်း မရှိတဲ့အတွက် လေယာဉ်ဟာ လေထဲမှာ ပေါက်ကွဲသွားတာ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

Burkina Faso နိုင်ငံ မြောက်ပိုင်းနယ်စပ်နဲ့ ၁၉ မိုင်လောက် အကွာမှာ လေယာဉ်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း Burkina Faso နိုင်ငံက ဗိုလ်ချုပ်ကြီး Gilbert Diendere က ပြောပါတယ်။

XS
SM
MD
LG