သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Alibaba ပူးတွဲ မတည်သူ ကုဋေကြွယ်သူဌေးကြီး Jack Ma နောက်နှစ်အနားယူတော့မည်


တရုတ်နိုင်ငံက ကမ္ဘာကျော် အွန်လိုင်း စီးပွါးရေးလုပ်ငန်းကြီး တခုဖြစ်တဲ့ Alibaba ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး Jack Ma ဟာ တာဝန်ကနေ အနားယူတော့မှာ ဖြစ်ပါတယ်။

လက်ရှိ Alibaba ကုမ္ပဏီရဲ့ CEO လည်းဖြစ် Alibaba ကုမ္ပဏီကို ပူးတွဲတည်ထောင်သူလည်း ဖြစ်တဲ့ Daniel Zhang ဟာ နောက်နှစ်ကျရင် သူ့နေရာမှာ အစားထိုး တာဝန်ယူတော့မှာ ဖြစ်ပါတယ်။ Jack Ma ဟာ အလီဘာဘာ ကုမ္ပဏီထူထောင်ခဲ့တဲ့ ၁၉ နှစ်ပြည့်တဲ့ နှစ်လည်းဖြစ် သူ့ရဲ့ အသက် ၅၄ နှစ်ပြည့်တဲ့နှစ်လည်း ဖြစ်တဲ့ တနင်္လာနေ့မှာ သူအခုလို အနားယူတော့မှာဖြစ်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ပညာဆက်လက် ဆည်းပူးချင်သေးသလို လူမှုအကျိုးပြု လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ အစီအစဉ်ရှိကြောင်းလည်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

Jack Ma က အလီဘာဘာ ကုမ္ပဏီရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး နေရာမှာ ဘယ်သူမှ ရာသက်ပန် လုပ်နိုင်မှာ မဟုတ်ကြောင်းနဲ့ လုပ်နိုင်စွမ်းဟာ အတိုင်းအတာရှိပါတယ်လို့ အလီဘာဘာရဲ့ ဖေါက်သည်တွေနဲ့ ဝန်ထမ်းတွေ၊ အစုရှယ်ယာ ဝင်ထားသူတွေကို တနင်္လာနေ့တုန်းက စာတစောင်ရေးသားပြီး သူနုတ်ထွက်တော့မယ့် အကြောင်းအသိပေးခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလိပ်စာ ဆရာ တဦးလုပ်ခဲ့တဲ့ Jack Ma ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က သူ့ရဲ့ အိမ်ခန်းကနေ စီးပွါးရေးလုပ်ငန်းကို စတင်ခဲ့တာ ဖြစ်ပြီး အမေရိကန်ဒေါ်လာ ဘီလျံ ၄၂၀ တန် လုပ်ငန်း ဖြစ်လာအောင် အလီဘာဘာ ကုမ္ပဏီကို ထူထောင်ခဲ့သူ ဖြစ်ပါတယ်။

Alibaba ပူးတွဲ မတည်သူ ကုဋေကြွယ်သူဌေးကြီး Jack Ma နောက်နှစ်အနားယူတော့မည်
please wait

No media source currently available

0:00 0:00:47 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG