သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗကသများအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဝေယံဖြိုးမိုး ထောင်ဒဏ်အမိန့်ချမှတ်ခံရ


ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး (ဓာတ်ပုံ-ဗကသများအဖွဲ့ချုပ် ဖဘ)
ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး (ဓာတ်ပုံ-ဗကသများအဖွဲ့ချုပ် ဖဘ)

[[Zawgyi/Unicode]]

ရန်ကုန်တိုင်း တရားရုံးသုံးခုကနေ တရားစွဲဆိုခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ဒု-ဥက္ကဋ္ဌ ဝေယံဖြိုးမိုးကို ကျောက်တံတားမြို့ နယ်တရားရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် နှစ်နှစ်နဲ့တလ ဒီနေ့ချမှတ်လိုက်ပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဗကသများအဖွဲ့ချုပ်ရဲ့ ဒု-ဥက္ကဋ္ဌ ဝေယံဖြိုးမိုးကို ကျောက်တံတားမြို့နယ် တရားရုံးက ငြိမ်းစုစီပုဒ်မနဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ်၂ နှစ် ဒီနေ့ချမှတ်လိုက်တယ်လို့ သူ့ရဲ့ရှေ့နေက ဗွီအိုအေကို ပြောပါတယ်။

“ကိုဝေယံဖြိုးမိုးက ဒီနေ့ ငြိမ်းစုစီ ၁၉ နဲ့က တလချလိုက်တယ်၊ ၅၀၅ (ခ)နဲ့က ၂ နှစ်ချလိုက်တယ်၊ အလုပ်နဲ့ထောင်ဒဏ် ၂ နှစ်ချလိုက်တယ်၊ ချုပ်ရက်ခံစားခွင့် မပေးပါဘူးရှင့်၊ ပေါင်း ၂ နှစ်နဲ့ ၁လ ကျပါတယ်။”

ကိုဝေယံဖြိုးမိုး တရားရင်ဆိုင်နေရချိန်က အချုပ်ကျတဲ့ရက်တွေကို ခံစားခွင့်မပေးတာ၊ ထောင်တွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေဟာ တရားမျှတမှုမရှိဘူးလို့ ဗကသများအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်တဦးက ဗွီအိုအေကို ပြောပါတယ်။

“ဗကသရဲဘော်တွေအပါအဝင် တပြည်လုံးက ပြည်သူလူထုဖမ်းဆီးနှိပ်စက်တာ၊ သတ်ဖြတ်တာ ထောင်ချတာတွေဟာ မတရားတဲ့ လုပ်ရပ်တွေဖြစ်တယ်။ ဒီအတွက်လည်း တနေ့မှာ ပြည်သူလူထုကနေ တရားစီရင်တာကို ဖက်ဆစ်စစ်ကောင်စီအနေနဲ့ မလွှဲမသွေ ခံရမယ်ဆိုတာ ပြောချင်ပါတယ်။”

အခုက ကျောက်တံတားမြို့နယ် တရားရုံးက အမှုတွေအတွက်ပဲ ကိုဝေယံဖြိုးမိုးကို အမိန့်ချခဲ့တာပါ။ မရမ်းကုန်းနဲ့ ကမာရွတ်မြို့နယ်က တရားရုံးတွေမှာ စွဲဆိုထားတဲ့ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) အမှုတွေအတွက်လည်း သူကဆက်ပြီး ရင်ဆိုင်ရဦးမှာပါ။

ဒီဇင်ဘာ ၁၀ ရက်က အင်းစိန်ထောင်တွင်း အသံတိတ်သပိတ်မှာ ပါဝင်ခဲ့တဲ့ ကိုဝေယံဖြိုးမိုးနဲ့ ဗကသကျောင်းသားတွေအပါအဝင် တခြားနိုင်ငံရေးအကျဉ်းသား ၈၉ ယောက်ကို အကျဉ်းထောင်အာဏာပိုင်တွေက ၂ ပတ်နီးပါး တိုက်ပိတ်ခဲ့ပါတယ်။ ထောင်အာဏာပိုင်တွေက ရိုက်နှက်နှိပ်စက်တာတွေလုပ်ခဲ့ပြီး တချို့လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တယ်လို့ ရှေ့နေတချို့က ဗွီအိုအေကို ပြောပါတယ်။

စစ်အာဏာသိမ်းတဲ့ရက်မှာပဲ ဖမ်းဆီးခံခဲ့ရတဲ့ ဗကသ တွဲဖက်အတွင်းရေးမှူးဟောင်း ကိုမင်းသွေးသစ်ကိုတော့ မနက်ဖြန် ဒီဇင်ဘာ ၃၀ ရက်မှာ အမိန့်ချမှာ ဖြစ်ပါတယ်။ ဗကသများအဖွဲ့ချုပ်ဗဟိုမှာ တာဝန်ယူထားသူတွေ ဖမ်းဆီးခံရတာ ၁၅ ယောက်ရှိပြီး နောက်ထပ် ၄ ယောက်ကတော့ ဖမ်းဆီး၊ နှိပ်စက်ခံရချိန်မှာ သေဆုံးခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ် တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]

ဗကသမြားအဖှဲ့ခြုပျ ဒု-ဥက်ကဋ်ဌ ဝယေံဖွိုးမိုး ထောငျဒဏျအမိန့ျခမြှတျခံရ










============

XS
SM
MD
LG