သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်သူပုန် တိုက်ထုတ်ရေး ပါကစ္စတန်ကို မဟာမိတ်တွေ အကူညီတောင်း


ဆာနာမြို့နားက ရွာတရွာမှာ ဆော်ဒီဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ လူနေအိမ်တလုံးမှာ အသက်ရှင်ကျန်ရစ်သူတွေကို လိုက်လံရှာဖွေနေတဲ့ မြင်ကွင်း။ (ဧပြီ ၄၊ ၂၀၁၅)
ဆာနာမြို့နားက ရွာတရွာမှာ ဆော်ဒီဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ လူနေအိမ်တလုံးမှာ အသက်ရှင်ကျန်ရစ်သူတွေကို လိုက်လံရှာဖွေနေတဲ့ မြင်ကွင်း။ (ဧပြီ ၄၊ ၂၀၁၅)

ယီမင်က ဟူသီသူပုန်တွေကို တိုက်နေတဲ့ ဆော်ဒီအာရေးဗီးယားဦးဆောင်တဲ့ မဟာမိတ်တပ်တွေကိုကူညီပေးဖို့ ပါကစ္စတန်စစ်တပ်အနေနဲ့ မြေပြင်တပ်ဖွဲ့တွေ၊ စစ်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေ လွှတ်ပေးဖို့ တောင်းဆိုထားတယ်လို့ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး Khawaja Muhammas Asif က ဒီကနေ့ ပြောပါတယ်။

ပါကစ္စတန်လွှတ်တော်ပြန်စတဲ့ ဒီနေ့မှာပဲ ကာကွယ်ရေးဝန်ကြီး Asif က ယီမင်နိုင်ငံထဲကနေ ပြီးခဲ့တဲ့လကထွက်ပြေးခဲ့ရတဲ့ သမ္မတ Abd-Rabbu Mansour Hadi ကို ကူညီပေးဖို့ ဆော်ဒီဦးဆောင်တဲ့တပ်တွေက လေကြောင်းတိုက်ခိုက်မှုတွေ သီတင်းပတ် ၂ ပတ်နီးပါး လုပ်လာတာကို ဝိုင်းကူပေးသင့်မသင့် ချင့်ချိန်နေရတယ်လို့ ထုတ်ပြောလိုက်ပါတယ်။ ပါက္စတန်အနေနဲ့ ဒီစစ်ပွဲကို ဝိုင်းကူပေးမယ်လို့ ကတိပြုခဲ့ပေမယ့် အတိအကျ ဘယ်လိုကူညီပေးမယ် ဆိုတာကိုတော့ ထုတ်မပြောသေးပါဘူး။ ဆော်ဒီအာရေးဗီးယားကို ပြင်ပက တိုက်ခိုက်လာရင် ကာကွယ်ပေးမယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် Nawaz Sharif က ကတိပြု ပြောခဲ့ပါတယ်။

အာရပ်ကမ္ဘာရဲ့ အဆင်းရဲဆုံးဖြစ်တဲ့ ယီမင်နိုင်ငံရဲ့ မြို့တော် Sanaa ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာက သိမ်းပိုက်ခဲ့တဲ့ ဟူသီသူပုန်တွေဟာ နိုင်ငံတောင်ပိုင်းက Aden မြို့ကိုပါ သိမ်းပိုက်ဖို့ ဆက်ချီတက်လာခဲ့တာမှာ ဆော်ဒီနယ်စပ် ဖြတ်ကူးတဲ့လမ်းကြောင်းတွေကိုလည်း တိုက်ခိုက်လာနေတာပါ။ လေကြောင်း တိုက်ခိုက်မှုတွေ ၁၂ ရက်ကြာလာအပြီး မြေပြင်တိုက်ခိုက်မှုတွေ လုပ်လာနိုင်တယ်လို့ ခန်မှန်းချက်တွေ ရှိလာနေချိန်မှာ နိုင်ငံတကာကြက်ခြေနီအဖွဲ့ကတော့ ယီမင်ကို ပို့ဖို့ အသင့်ဖြစ်နေတဲ့ ဆေးဝါးတွေ လေကြောင်းကမပို့နိုင်သေးဘဲ အခက်တွေ့နေတယ်လို့ ဒီနေ့ပဲ ထုတ်ဖော် ပြောဆိုပါတယ်။

XS
SM
MD
LG