သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုဒုက္ခသည်စခန်းက ရိုဟင်ဂျာ ၂၀၀ နီးပါး ပျောက်ဆုံး


အင်ဒိုနီးရှားဒုက္ခသည်စခန်းတခုမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာအမျိုးသမီးတစ်ဦး။ (မေ ၁၅၊ ၂၀၁၅)
အင်ဒိုနီးရှားဒုက္ခသည်စခန်းတခုမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာအမျိုးသမီးတစ်ဦး။ (မေ ၁၅၊ ၂၀၁၅)

အင်ဒိုနီးရှားနိုင်ငံ အာချေးခရိုင်မှာ စုစည်းထားတဲ့ နေရာကနေ ရိုဟင်ဂျာ ၁၈၂ ယောက် ထွက်ပြေးသွားကြတယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။ သူတို့ထွက်ပြေးဖို့ လူမှောင်ခိုကူးသူတွေက စည်းရုံးလုပ်ဆောင်သွားတာ ဖြစ်နိုင်တယ်လို့လည်း စနေနေ့က ပြောကြားလိုက်တာပါ။

ဒေသအစိုးရအရာရှိတွေ၊ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ၊ နိုင်ငံတကာ ပြောင်းရွှေ့နေထိုင်သူများ အဖွဲ့အစည်းစတဲ့ အဖွဲ့တွေပူးပေါင်းပြီး သောကြာနေ့က ရိုဟင်ဂျာဒုက္ခသည် ၃၂၂ ယောက် နေထိုင်ရေး စီစဉ်ပေးထားတဲ့နေရာကို ဝင်ရောက်စစ်ဆေးရာမှာ ၁၄၀ ကိုပဲ တွေ့ရတယ်လို့ AP သတင်းမှာ ဖေါ်ပြထားပါတယ်။

ဒုက္ခသည်တွေကို ထားရှိတဲ့နေရာဟာ Aceh မြောက်ပိုင်း Blang Adoe ကျေးရွာဖြစ်ကြောင်း မြောက်ပိုင်း Ache ဒေသ အစိုးရ ပြောခွင့်ရသူက ပြောပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ဒီကိစ္စကို ဘယ်သူက စီစဉ်ဆောင်ရွက်တာကို ရဲတပ်ဖွဲ့နဲ့ ဒေသအစိုးရက ဖေါ်ထုတ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG