သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေး ရိုဟင်ဂျာ ၅ဝဝ နီးပါး အင်ဒိုနီးရှားရောက်


အင်ဒိုနီးရှားနိုင်ငံ ဆူမာတြာကျွန်းကိုလှေစီးပြီးရောက်လာကြတဲ့ ရိုဟင်ဂျာတွေကို ယာယီခိုလှုံနေထိုင်ရမယ့် ဆဲန်နူဒဲန်ကို ပို့ပေးဖို့ စောင့်ဆိုင်းနေကြစဉ်။ (မေ ၁၀၊ ၂၀၁၅)
အင်ဒိုနီးရှားနိုင်ငံ ဆူမာတြာကျွန်းကိုလှေစီးပြီးရောက်လာကြတဲ့ ရိုဟင်ဂျာတွေကို ယာယီခိုလှုံနေထိုင်ရမယ့် ဆဲန်နူဒဲန်ကို ပို့ပေးဖို့ စောင့်ဆိုင်းနေကြစဉ်။ (မေ ၁၀၊ ၂၀၁၅)

မြန်မာနိုင်ငံကလို့ ဆိုတဲ့ ရိုဟင်ဂျာမူဆလင် ၅၀၀ လောက်တင်ဆောင်ထားတဲ့ လှေတွေ အင်ဒိုနီးရှားအနောက်ဘက် ကမ်းခြေကို ဆိုက်ကပ်လာခဲ့ပါတယ်။ ဒီလှေစီးပြေး ဒုက္ခသည်တွေထဲက တချို့ဟာ ရေနဲ့ အစားအစာ ပြတ်လပ်မှုကြောင့် အားအင် ကုန်ခန်းပြီး ဆေးကုသမှုခံယူဖို့ လိုအပ်နေကြောင်း ရွှေ့ပြောင်းအခြေချမှုနဲ့ လူ့အခွင့် အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ဂျကာတာမြို့တော်က IOM လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း အခြေချနေထိုင်ရေးဆိုင်ရာ အကူအညီပေးရေးအဖွဲ့ လက်ထောက်အကြီးအကဲ Steve Hamilton က အကူအညီပေးရေးအဖွဲ့တွေဟာ အာချေးဒေသကို သွားရောက်နေကြတယ်ဆိုပြီးတော့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ခွဲခြား ဆက်ဆံခံနေရတာကြောင့် ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးနေကြ ရတယ်လို့ ရိုဟင်ဂျာအရေး စောင့်ကြည့်လေ့လာနေတဲ့ Arakan Project အဖွဲ့ ညွှန်ကြားရေးမှူး Chris Lewa က ပြောဆိုကြောင်းကိုလည်း အေပီ သတင်း မှာ ဖေါ်ပြထားပါတယ်။ တနင်္ဂနွေနေ့ အစောပိုင်းမှာ ရိုဟင်ဂျာ ၅၀၀ နီးပါး အင်ဒိုနီးရှားကို ရောက်ရှိလာကြောင်းကိုလည်း သူက အတည်ပြုပြောဆိုပါတယ်။

ရိုဟင်ဂျာတိုင်းရင်းသား တည်ရှိမှုကို လက်ခံထားခြင်းမရှိတဲ့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရားမဝင် ကျူးကျော်ဝင်ရောက်သူ ဘင်္ဂလီတွေအဖြစ် အစိုးရနဲ့ ဒေသခံတွေက မြင်ထားကြတာပါ။ ဟိုတုန်းကတော့ လူကုန်ကူးသူတွေဟာ ရိုဟင်ဂျာတွေကိုထိုင်းနိုင်ငံတောတွင်းက စခန်းတွေမှာ ထားပြီး သူတို့ တောင်းတဲ့ငွေပေးမှသာ လိုရာ ခရီးကို ဆက်ထွက်ခွာခွင့်ပြုပါတယ်။ ဒါပေမယ့်လည်း ထိုင်းနဲ့မလေးရှားမှာ လူကုန်ကူးမှု တိုက်ဖျက်ရေး အပြင်း အထန် ဆောင်ရွက်လာတာကြောင့် အခုလို နည်းနာပြောင်းလဲပြီး အင်ဒိုနီးရှား ကမ်းခြေအထိ တိုက်ရိုက် ရောက်ရှိလာတာပါ။

အခုအခါမှာ ဘင်္ဂလားဒေ့ရှ်နဲ့ ရိုဟင်ဂျာဦးရေ ခန့်မှန်းခြေ - (၇,၀၀၀) – (၈,၀၀၀) လောက်ဟာ မလက္ကာရေလက်ကြားက ရပ်နားထားတဲ့ သဘောၤပေါ်တွေမှာ ရှိနေတယ်လို့လည်း Lewa က ပြောပါတယ်။ အစားအစာနဲ့ရေ ပြတ်လပ်မှုကြောင့် ဒီလှေစီးပြေး ဒုက္ခသည်တွေရဲ့ အခြေအနေဟာ ဆိုးရွားလာနေပြီး ပြီးခဲ့တဲ့လတွေအတွင်း ဒါဇင်နဲ့ ချီ သေဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်ခင်ဗျာ။

XS
SM
MD
LG