သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီနဲ႔ ရခိုင္လြတ္ေျမာက္ေရးပါတီ (ALP) ေတြ႔


ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္နဲ႔အဖြဲ႔ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ ALP ဒုတိယဥကၠ႒ ေဒၚေစာျမရာဇာလင္းဦးေဆာင္အဖြဲ႔နဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြး (ဇြန္ ၁၃၊ ၂၀၂၂/ဓာတ္ပံု-တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး)

[[Zawgyi/Unicode]]

စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ ဒီကေန႔မနက္ ေနျပည္ေတာ္ မွာ ေဆြးေႏြးရာမွာ ALP ေခၚ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီက ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြမွာ အားလံုးပါဝင္လာေစေရးနဲ႔ ရခိုင္ျပည္နယ္ဖံြ႔ျဖိဳးေရးကိစၥေတြကို အဓိက ေဆြးေႏြးခဲ့ပါတယ္။ ဖံြ႔ျဖိဳးေရးအတြက္ တည္ၿငိမ္ေအးခ်မ္းဖို႔လိုအပ္ၿပီး ဒီအတြက္ ေဆြးေႏြးညိွႏိႈင္းဖို႔ လုိအပ္ေၾကာင္းလည္း ALP ဘက္က ေျပာပါတယ္။ ရန္ကုန္ကလာတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြသတင္းကို ကိုေဇာ္၀င္းလႈိင္က တင္ျပထားပါတယ္။

စစ္ေကာင္စီဥကၠ႒က ဖိတ္ေခၚထားတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြကို တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ ၁၀ ဖဲြ႔တက္ေရာက္ဖို႔ စာရင္းေပးထားရာမွာ ဒီကေန႔ ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ ALP က ၆ ဖဲြ႔ေျမာက္အျဖစ္ ေဆြးေႏြးခဲ့ပါတယ္။

ဒုဥကၠ႒ ေဒၚေစာျမရာဇာလင္း ဦးေဆာင္တဲ့ ALP ကိုယ္စားလွယ္အဖဲြ႔ဟာ ဗိုလ္ခ်ဳပ္ မႉးႀကီး မင္းေအာင္လိႈင္နဲ႔ ဒီကေန႔မနက္မွာေတြ႔ဆံုခဲ့ၿပီး ၁ နာရီေလာက္ၾကာေအာင္ ေဆြးေႏြးခဲ့တာပါ။

ALP က အဓိက ျပည္ေထာင္စုအေရးန႔ဲ ရခုိင္ျပည္နယ္အေရးကို ေဆြးေႏြးခဲ့ေၾကာင္း ေဆြးေႏြးပဲြမွာပါဝင္ခဲ့တဲ့ ဗိုလ္ခ်ဳပ္ ခိုင္စိုးျမက အခုလုိ ေျပာပါတယ္။

“ျပည္ေထာင္စုအေရးမွာေတာ့ကာ စစ္မွန္တဲ့ဖက္ဒရယ္ျပည္ေထာင္စုကို ဘယ္လုိတည္ေဆာက္ၾကမလဲ။ ဒီေန႔အခ်ိန္မွာ ဥပမာအားျဖင့္ ၿငိမ္းခ်မ္းေရးကို မပါဝင္တဲ့သူေတြရိွလို႔ရတယ္။ အဲဒီလူေတြ ပါဝင္လာေအာင္ ဘယ္လုိ လုပ္ၾကမလဲ။ အဲဒီေပၚမွာ စိတ္ရွည္ရမယ္။ သည္းခံရမယ္ဆုိတဲ့သေဘာထားေပါ့။ အကုန္လံုးပါဝင္လာႏိုင္ေအာင္။ ေဆြးေႏြးျဖစ္ေအာင္ က်ေနာ္တုိ႔ ေဆြးေႏြးရမယ္ဆုိတဲ့အပိုင္းပဲ။ ေနာက္ တပိုင္းကေတာ့ ရခုိင္ျပည္နယ္အေရးနဲ႔ပတ္သက္တဲ့ဟာေတာ့ကာ ရခိုင္ျပည္နယ္ရဲ့ ဥပမာ ဒီေန႔ခ်ိန္ခါမွာ ဖံြ႔ျဖိဳးတိုးတက္မႈ ေနာက္က်ေနတဲ့အပိုင္း။ အဲဒီဖံြ႔ျဖိဳးတုိးတက္မႈကို အာရံုစိုက္ၿပီးရင္ လုပ္ေဆာင္ေပးဖို႔ ဆုိတဲ့အပိုင္းေပါ့။”

ဖံြ႔ျဖိဳးေရးကို အေကာင္အထည္ေဖာ္ရာမွာ နယ္ေျမတည္ၿငိမ္ေအးခ်မ္းမႈရိွဖို႔ လိုအပ္ တာေၾကာင့္ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ညိွႏိႈင္းေဆြးေႏြးတာနဲ႔ ဖံြ႔ျဖိဳးေရးလုပ္ငန္းေဆာင္ရြက္တာကို တၿပိဳင္တည္းလုပ္ေဆာင္မွာ ျဖစ္္ေၾကာင္းလည္း ဆက္ေျပာပါတယ္။

“ရခိုင္ျပည္ဟာ ဒီေန႔ လက္ရိွ မတည္ၿငိမ္ၾကဘူး။ မတည္ၿငိမ္တဲ့အတြက္ ရခုိင္ျပည္ ရဲ့ဖြ႔ံျဖိဳးတိုးတက္မႈကို လုပ္ဖုိ႔ဆုိေတာ့ကာ အခက္အခဲေတာ့နည္းနည္းရိွတယ္။ ရိွေပမယ့္လည္း အဲဒီအခက္အခဲကို က်ေနာ္တုိ႔ အေျဖရွာၾကမယ္။ က်ေနာ္တို႔ေတြမယ္ သူလုိခ်င္တဲ့အပိုင္း၊ ကိုယ္လိုခ်င္တဲ့အပိုင္းေတြ ရိွၾကတယ္။ အဲဒီဥစၥာ အေျဖရွာရင္ စကားမေျပာဘဲနဲ႔ အေျဖကိုသိမွာမဟုတ္ဘူး။ က်ေနာ္တို႔ စကားေျပာၾကရမယ္။ အဲဒါမွ သူလုိခ်င္တဲ့ဥစၥာနဲ႔ ကိုယ္လိုခ်င္တဲ့ဥစၥာကို ဘယ္လုိ ေဆြးေႏြးၿပီးအေျဖရွာၾကမလဲ။ အဲဒါမွပဲ အလုပ္ျဖစ္မယ္လုိ႔ က်ေနာ္တုိ႔ ျမင္တယ္ေလ။ ဘာပဲျဖစ္ျဖစ္ တဘက္ကလည္း စကားေျပာၾကရမယ္။ တဘက္ကလည္း တိုင္းျပည္ဖံြ႔ျဖိဳးေရးကိုေတာ့ က်ေနာ္တုိ႔က လုပ္ရမယ္လုိ႔ ႏွစ္ခုစလံုးကို တၿပိဳင္နက္ အေကာင္အထည္ေဖာ္ရမယ္လို႔ အဲလိုမ်ိဳးျမင္တယ္ေလ။”

စစ္ေကာင္စီဘက္က ဒီကေန႔ ေဆြးေႏြးပဲြမွာ NCA လက္မွတ္ထိုးၿပီး နဲ႔ မထိုးေသးတဲ့ တုိင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြကို လာေရာက္ေဆြးေႏြးလုိပါက ယခင္အတုိင္း ထပ္မံဖိတ္ေခၚတဲ့အေျခအေနကို ထည့္သြင္း ေဆြးေႏြးခဲ့ေၾကာင္း သတင္းထုတ္ျပန္ပါတယ္။

ေျမပုံၿမိဳ႕နယ္ရဲ႕ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးေဖသန္းကေတာ့ ရခိုင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းဖို႔ဆိုရင္ စစ္ေကာင္စီနဲ႔ ရခိုင္အမ်ိဳးသားအဖဲြ႔ခ်ဳပ္ ULA/AA အၾကား လက္ရိွအေျခအေနကို ထိန္းသိမ္းၿပီး ေဆြးေႏြးဖို႔ လုိအပ္မွာျဖစ္ေၾကာင္း သံုးသပ္ပါတယ္။

“ရခိုင္ျပည္နယ္ တည္ၿငိမ္ေအးခ်မ္းေရးကေတာ့ အခု ULA/AA နဲ႔ ဗမာစစ္တပ္နဲ႔ ၾကားမွာ နားလည္မႈနဲ႔ အပစ္အခတ္ရပ္စဲထားတဲ့သေဘာေတာ့ ရိွတာေပါ့။ တည္ၿငိမ္ေအးခ်မ္းေစခ်င္တယ္ဆုိရင္ေတာ့ ကိုယ့္တာ၊ သူ႔တာ မေဖာက္နဲ႔ေပါ့။ စည္းမေဖာက္နဲ႔ေပ့ါ။ ကိုယ့္ေနရာကိုယ္ေနေပါ့။ ထိုးစစ္ဆင္တာေတြ၊ ဟိုဘက္က အုပ္ခ်ဳပ္ေရးတည္ေဆာက္ထား။ တရားစီရင္ေရး တည္ေဆာက္တာေတြကို သြားၿပီး မေႏွာင့္ယွက္နဲ႔ေပါ့။ တဖဲြ႔ကိုတဖဲြ႔သြားၿပီး ရန္မစဖုိ႔လုိပါတယ္။ ကိုယ္ဟာကိုယ္ ေအးေအးေဆးေဆးေနၿပီး ႏိုင္ငံေရးအရ ေဆြးေႏြးၾကေပါ့။ အဲဒါဆုိရင္ ၿပီးပါတယ္ဗ်။”

ေလာေလာဆယ္ စစ္ေကာင္စီဥကၠ႒ကဖိတ္ၾကားတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြကို AA ဘက္က မတက္ေရာက္တာကေတာ့ ႏွစ္ဘက္အၾကား ယံုၾကည္မႈတည္ေဆာက္ဖို႔ လိုအပ္ေနတာ ျဖစ္ႏိုင္ေၾကာင္းလည္း ေျပာပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ပိုင္းေတြက AA နဲ႔ စစ္ေကာင္စီတပ္အၾကားမွာ တုိက္ပဲြေတြျပင္းထန္ခဲ့ၿပီး ၂၀၂၀ ခုႏွစ္ ႏွစ္ကုန္ပိုင္းမွာ အပစ္အခတ္ ရပ္စဲထားတာျဖစ္ပါတယ္။

ဒီေန႔ က်င္းပတဲ့ ေဆြးေႏြးပဲြကို စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၊ စစ္ေကာင္စီအဖြဲ႔ဝင္ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ဒုတိ ဗိုလ္ခ်ဳပ္ႀကီးရာျပည္နဲ႔ ALP ပါတီက ဒုဥကၠ႒ေဒၚေစာျမရာဇာလင္း၊ ဗဟိုအလုပ္အမႈ ေဆာင္ေကာ္မတီဝင္ေတြျဖစ္တဲ့ ခုိင္စိုးျမနဲ႔ ခိုင္ေပၚလင္းတို႔ တက္ေရာက္ေၾကာင္း စစ္ေကာင္စီက သတင္းထုတ္ျပန္ထားပါတယ္။

ေနာက္ရက္ေတြမွာေတာ့ ALP ကိုယ္စားလွယ္အဖဲြ႔ဟာ စစ္ေကာင္စီရဲ႕ ၿငိမ္းခ်မ္းေရးေဆြးေႏြးေရးအဖြဲ႕နဲ႔ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီတို႔နဲ႔ ဆက္လက္ ေဆြးေႏြးမွာ ျဖစ္ပါတယ္။

စစ္ေကာင္စီက တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ ေဆြးေႏြးေနခ်ိန္မွာပဲ ကခ်င္၊ ကရင္၊ ခ်င္းနဲ႔ ျမန္မာျပည္အလယ္ပိုင္းေဒသေတြမွာေတာ့ စစ္ေကာင္စီတပ္နဲ႔ တိုင္ရင္းသားလက္နက္ကိုင္ေတြ၊ PDF ေတြအၾကားမွာ တုိက္ပဲြေတြ ျဖစ္ပြားေနပါတယ္။

အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးဌာနရဲ႕ အတိုင္ပင္ခံ Derek Chollet ကေတာ့ စစ္ေကာင္စီအေနနဲ႔ ႏိုင္ငံတ၀န္းက လက္နက္ကိုင္တိုက္ေနသူေတြကို အႏိုင္ရဖို႔ ျဖစ္ႏိုင္ ေျခ သိပ္မရွိဘဲ ဒီမိုကေရစီကို ျပန္လည္ေဖာ္ေဆာင္သင့္တယ္လို႔ ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[/Unicode]]

စစ်ကောင်စီနဲ့ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) တွေ့

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒီကနေ့မနက် နေပြည်တော် မှာ ဆွေးနွေးရာမှာ ALP ခေါ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အားလုံးပါဝင်လာစေရေးနဲ့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးကိစ္စတွေကို အဓိက ဆွေးနွေးခဲ့ပါတယ်။ ဖွံ့ဖြိုးရေးအတွက် တည်ငြိမ်အေးချမ်းဖို့လိုအပ်ပြီး ဒီအတွက် ဆွေးနွေးညှိနှိုင်းဖို့ လိုအပ်ကြောင်းလည်း ALP ဘက်က ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲသတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌက ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့တက်ရောက်ဖို့ စာရင်းပေးထားရာမှာ ဒီကနေ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ၆ ဖွဲ့မြောက်အဖြစ် ဆွေးနွေးခဲ့ပါတယ်။

ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့ ALP ကိုယ်စားလှယ်အဖွဲ့ဟာ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နဲ့ ဒီကနေ့မနက်မှာတွေ့ဆုံခဲ့ပြီး ၁ နာရီလောက်ကြာအောင် ဆွေးနွေးခဲ့တာပါ။

ALP က အဓိက ပြည်ထောင်စုအရေးနဲ့ ရခိုင်ပြည်နယ်အရေးကို ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ ဗိုလ်ချုပ် ခိုင်စိုးမြက အခုလို ပြောပါတယ်။

“ပြည်ထောင်စုအရေးမှာတော့ကာ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်ကြမလဲ။ ဒီနေ့အချိန်မှာ ဥပမာအားဖြင့် ငြိမ်းချမ်းရေးကို မပါဝင်တဲ့သူတွေရှိလို့ရတယ်။ အဲဒီလူတွေ ပါဝင်လာအောင် ဘယ်လို လုပ်ကြမလဲ။ အဲဒီပေါ်မှာ စိတ်ရှည်ရမယ်။ သည်းခံရမယ်ဆိုတဲ့သဘောထားပေါ့။ အကုန်လုံးပါဝင်လာနိုင်အောင်။ ဆွေးနွေးဖြစ်အောင် ကျနော်တို့ ဆွေးနွေးရမယ်ဆိုတဲ့အပိုင်းပဲ။ နောက် တပိုင်းကတော့ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်တဲ့ဟာတော့ကာ ရခိုင်ပြည်နယ်ရဲ့ ဥပမာ ဒီနေ့ချိန်ခါမှာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့အပိုင်း။ အဲဒီဖွံ့ဖြိုးတိုးတက်မှုကို အာရုံစိုက်ပြီးရင် လုပ်ဆောင်ပေးဖို့ ဆိုတဲ့အပိုင်းပေါ့။”

ဖွံ့ဖြိုးရေးကို အကောင်အထည်ဖော်ရာမှာ နယ်မြေတည်ငြိမ်အေးချမ်းမှုရှိဖို့ လိုအပ် တာကြောင့် တည်ငြိမ်အေးချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးတာနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်တာကို တပြိုင်တည်းလုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း ဆက်ပြောပါတယ်။

“ရခိုင်ပြည်ဟာ ဒီနေ့ လက်ရှိ မတည်ငြိမ်ကြဘူး။ မတည်ငြိမ်တဲ့အတွက် ရခိုင်ပြည် ရဲ့ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဖို့ဆိုတော့ကာ အခက်အခဲတော့နည်းနည်းရှိတယ်။ ရှိပေမယ့်လည်း အဲဒီအခက်အခဲကို ကျနော်တို့ အဖြေရှာကြမယ်။ ကျနော်တို့တွေမယ် သူလိုချင်တဲ့အပိုင်း၊ ကိုယ်လိုချင်တဲ့အပိုင်းတွေ ရှိကြတယ်။ အဲဒီဥစ္စာ အဖြေရှာရင် စကားမပြောဘဲနဲ့ အဖြေကိုသိမှာမဟုတ်ဘူး။ ကျနော်တို့ စကားပြောကြရမယ်။ အဲဒါမှ သူလိုချင်တဲ့ဥစ္စာနဲ့ ကိုယ်လိုချင်တဲ့ဥစ္စာကို ဘယ်လို ဆွေးနွေးပြီးအဖြေရှာကြမလဲ။ အဲဒါမှပဲ အလုပ်ဖြစ်မယ်လို့ ကျနော်တို့ မြင်တယ်လေ။ ဘာပဲဖြစ်ဖြစ် တဘက်ကလည်း စကားပြောကြရမယ်။ တဘက်ကလည်း တိုင်းပြည်ဖွံ့ဖြိုးရေးကိုတော့ ကျနော်တို့က လုပ်ရမယ်လို့ နှစ်ခုစလုံးကို တပြိုင်နက် အကောင်အထည်ဖော်ရမယ်လို့ အဲလိုမျိုးမြင်တယ်လေ။”

စစ်ကောင်စီဘက်က ဒီကနေ့ ဆွေးနွေးပွဲမှာ NCA လက်မှတ်ထိုးပြီး နဲ့ မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လာရောက်ဆွေးနွေးလိုပါက ယခင်အတိုင်း ထပ်မံဖိတ်ခေါ်တဲ့အခြေအနေကို ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။

မြေပုံမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကတော့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းဖို့ဆိုရင် စစ်ကောင်စီနဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA အကြား လက်ရှိအခြေအနေကို ထိန်းသိမ်းပြီး ဆွေးနွေးဖို့ လိုအပ်မှာဖြစ်ကြောင်း သုံးသပ်ပါတယ်။

“ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကတော့ အခု ULA/AA နဲ့ ဗမာစစ်တပ်နဲ့ ကြားမှာ နားလည်မှုနဲ့ အပစ်အခတ်ရပ်စဲထားတဲ့သဘောတော့ ရှိတာပေါ့။ တည်ငြိမ်အေးချမ်းစေချင်တယ်ဆိုရင်တော့ ကိုယ့်တာ၊ သူ့တာ မဖောက်နဲ့ပေါ့။ စည်းမဖောက်နဲ့ပေ့ါ။ ကိုယ့်နေရာကိုယ်နေပေါ့။ ထိုးစစ်ဆင်တာတွေ၊ ဟိုဘက်က အုပ်ချုပ်ရေးတည်ဆောက်ထား။ တရားစီရင်ရေး တည်ဆောက်တာတွေကို သွားပြီး မနှောင့်ယှက်နဲ့ပေါ့။ တဖွဲ့ကိုတဖွဲ့သွားပြီး ရန်မစဖို့လိုပါတယ်။ ကိုယ်ဟာကိုယ် အေးအေးဆေးဆေးနေပြီး နိုင်ငံရေးအရ ဆွေးနွေးကြပေါ့။ အဲဒါဆိုရင် ပြီးပါတယ်ဗျ။”

လောလောဆယ် စစ်ကောင်စီဥက္ကဋ္ဌကဖိတ်ကြားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို AA ဘက်က မတက်ရောက်တာကတော့ နှစ်ဘက်အကြား ယုံကြည်မှုတည်ဆောက်ဖို့ လိုအပ်နေတာ ဖြစ်နိုင်ကြောင်းလည်း ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းတွေက AA နဲ့ စစ်ကောင်စီတပ်အကြားမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းမှာ အပစ်အခတ် ရပ်စဲထားတာဖြစ်ပါတယ်။

ဒီနေ့ ကျင်းပတဲ့ ဆွေးနွေးပွဲကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိ ဗိုလ်ချုပ်ကြီးရာပြည်နဲ့ ALP ပါတီက ဒုဥက္ကဋ္ဌဒေါ်စောမြရာဇာလင်း၊ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်တွေဖြစ်တဲ့ ခိုင်စိုးမြနဲ့ ခိုင်ပေါ်လင်းတို့ တက်ရောက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

နောက်ရက်တွေမှာတော့ ALP ကိုယ်စားလှယ်အဖွဲ့ဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတို့နဲ့ ဆက်လက် ဆွေးနွေးမှာ ဖြစ်ပါတယ်။

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆွေးနွေးနေချိန်မှာပဲ ကချင်၊ ကရင်၊ ချင်းနဲ့ မြန်မာပြည်အလယ်ပိုင်းဒေသတွေမှာတော့ စစ်ကောင်စီတပ်နဲ့ တိုင်ရင်းသားလက်နက်ကိုင်တွေ၊ PDF တွေအကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အတိုင်ပင်ခံ Derek Chollet ကတော့ စစ်ကောင်စီအနေနဲ့ နိုင်ငံတဝန်းက လက်နက်ကိုင်တိုက်နေသူတွေကို အနိုင်ရဖို့ ဖြစ်နိုင် ခြေ သိပ်မရှိဘဲ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်သင့်တယ်လို့ ပြောဆိုထားပါတယ်။

=============

XS
SM
MD
LG