သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကျောင်းသူ လူသတ်မှုပြစ်ဒဏ် အီတလီတရားရုံး ပယ်ဖျက်

အမေရိကန်ကျောင်းသူ လူသတ်မှုပြစ်ဒဏ် အီတလီတရားရုံး ပယ်ဖျက်
အမေရိကန်ကျောင်းသူ လူသတ်မှုပြစ်ဒဏ် အီတလီတရားရုံး ပယ်ဖျက်

အီတလီနိုင်ငံ ပရူးဒါးမြို့ ဂျူရီအဖွဲ့က အမေရိကန် တက္ကသိုလ်ကျောင်းသူ Amanda Knox အပေါ် လူသတ်မှုနဲ့ ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို ပယ်ဖျက်လိုက်ပြီး သူမကို လွှတ်ပေးဖို့အတွက် အမိန့်ချမှတ်လိုက်ပါတယ်။ ဒီလို အမိန့်ချပြီးတဲ့နောက် Amanda Knox ဟာ ဝမ်းသာပြီး တရားရုံးအတွင်း ငိုကြွေးခဲ့သလို တရားရုံးတွင်းမှာလည်း လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ပါတယ်။

Knox ရဲ့ အရင်ရည်းစားလည်းဖြစ်၊ သူနဲ့အတူ အမှုမှာ ပါဝင်ပတ်သက်နေတဲ့ Raffaele Sollecito ကိုလည်း အမှုကနေ တရားသေ လွှတ်ပေးလိုက်ပါတယ်။ Knox ကို ၂၀၀၇ ခုနှစ်က သူ့ရဲ့အခန်းဖော် Meredith Kercher ကို သတ်ဖြတ်မှုနဲ့ ထောင်ဒဏ် ၂၆ နှစ် ချထားတာပါ။ သူဟာ သတ်ဖြတ်မှု၊ မုဒိန်းကျင့်မှု၊ ခိုင်းစေမှုတွေကို မကျူးလွန်ခဲ့ကြောင်း တရားသူကြီးကို ပြောပြခဲ့ပါတယ်။

ဒါ့အပြင် Kercher အသတ်ခံခဲ့ရတဲ့ Sollecito ရဲ့အိမ်မှာ ရုပ်ရှင်ကြည့်နေတယ် ဆိုတဲ့ပြောဆိုချက်ကိုပဲ ထပ်တလဲလဲ ပြောကြားခဲ့ပါတယ်။

အစိုးရရှေ့နေတွေကတော့ သူဟာ အယောင်ဆောင်ထားတဲ့ စုန်းမလို့ စွပ်စွဲခဲ့ပါတယ်။ အမှုမှာ တင်ပြထားတဲ့ DNA အထောက်အထား မခိုင်လုံဘူးလို့ မှုခင်းကျွမ်းကျင်သူတွေက တရားရုံးမှာ ထွက်ဆိုခဲ့တာပါ။

This item is part of
XS
SM
MD
LG