သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားလုပ်ရပ် တုံ့ပြန်ဖို့ ဝန်ကြီးကလင်တန်ဆွေးနွေး

တောင်ကိုရီးယားသင်္ဘောနစ်အောင်လုပ်ခဲ့တဲ့ မြောက်ကိုရီယားကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ရှုတ်ချလိုက်ပြီး ဒီအကျိုးဆက်ကို မြောက်ကိုရီးယားအနေနဲ့ ရင်ဆိုင်ရမယ်လို့ ပြောပါတယ်။ အရှေ့အာရှ ၃ နိုင်ငံခရီးစဉ် အစအဖြစ် ဂျပန်နိုင်ငံမှာ နိုင်ငံခြားရေးဝန်ကြီး နဲ့ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာ ဖြစ်ပါ တယ်။

တောင်ကိုရီးယားသင်္ဘော နစ်အောင် လုပ်ခဲ့တဲ့အပေါ် မြောက်ကိုရီယားကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က ရှုတ်ချ လိုက်ပြီး ဒီအကျိုးဆက်ကို မြောက်ကိုရီးယားအနေနဲ့ ရင်ဆိုင်ရမယ်လို့ ပြောပါတယ်။

အရှေ့အာရှ ၃ နိုင်ငံခရီးစဉ် အစအဖြစ် ဂျပန်နိုင်ငံမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Katsuya Okada နဲ့ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

တောင်ကိုရီးယား စစ်သင်္ဘော Cheonam ကို နစ်အောင်လုပ်တဲ့ လုပ်ရပ်ဟာ ရန်လိုတဲ့ လုပ်ရပ်ဖြစ်ပြီး ဒီကိစ္စနဲ့ပါတ်သက်လို့ အမေရိကန်က ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားတို့နဲ့ညှိနှိုင်း ဆွေးနွေးနေတယ်လို့ Mrs. Clinton ကပြောပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာပဲ နှစ်ပေါင်း ၅၀ ရှိလာပြီဖြစ်တဲ့ ဂျပန်နဲ့အမေရိကန်အစိုးရကြား မဟာမိတ်ဆက်ဆံရေးကို ဝန်ကြီးကလင်တန်က ဂုဏ်ပြု ပြောကြားသွားပါတယ်။ အနာဂတ်စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ လိုအပ်တဲ့ဆက်ဆံရေးအဖြစ် သူက ဖော်ပြပြောဆိုပါတယ်။

သူဟာ ဒီကနေ့မှာပဲ ဂျပန်ဝန်ကြီးချုပ် Yukio Hatoyama နဲ့လည်း တွေ့ဆုံမှာပါ။ အိုကီနာဝါကျွန်းမှာရှိတဲ့ အမေရိကန် Marine အခြေစိုက် စခန်းကို နေရာ ရွှေ့ပြောင်းမဲ့ ဝန်ကြီးချုပ် Hatoyama ရဲ့ အစီအစဉ်နဲ့ပါတ်သက်ပြီး ဆွေးနွေးကြမှာဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG