သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေး သဘောတူညီချက်အရ ဂျပန်ကို ကန် အကာကွယ်ပေးမည်


အမေရိကန်သမ္မတနဲ့ ဂျပန်ဝန်ကြီးချုပ် တွေ့ဆုံ။ (ဧပြီ ၂၄၊ ၂၀၁၄)
အမေရိကန်သမ္မတနဲ့ ဂျပန်ဝန်ကြီးချုပ် တွေ့ဆုံ။ (ဧပြီ ၂၄၊ ၂၀၁၄)
အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန်နိုင်ငံကြားစာချုပ်ထားတဲ့
လုံခြုံရေး သဘောတူချက်အရ အရှေ့တရုတ်ပင်လယ်ထဲက ဂျပန်နဲ့ တရုတ်ကြား သူပိုင်၊ ကိုယ်ပိုင် အငြင်းပွားနေကြတဲ့ ကျွန်းစုတွေအပါအဝင် ဂျပန်ကို
အကာအကွယ်ပေးသွားမယ်ဆိုတာကို အမေရိကန်သမ္မတ Barack Obama က ထပ်ပြီး အာမခံပြောလိုက်ပါတယ်၊ ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ ဒီကနေ့
ဆွေးနွေးခဲ့အပြီးမှာ ဂျပန်တို့ ခေါ်သလို Senkaku ကျွန်းစုတွေကို
အကာအကွယ်ပေးဖို့ တာဝန်ရှိတယ်ဆိုတာကို သမ္မတအိုဘားမားက အခုလို သေသေချာချာ သုံး နှုန်း ပြောသွားခဲ့ပါတယ်၊

"ကျွန်တော်တို့ သဘောတူစာချုပ်အရ ဂျပန်နိုင်ငံလုံခြုံရေးကို
အပြည့်အဝ အကာအကွယ်ပေးဖို့ အာမခံထားတယ်ဆိုတာကို ထပ်ပြီး ပြောချင်ပါတယ်။ ဂျပန်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ Senkaku ကျွန်းတွေအပါအဝင် ပိုင်နက်တွေအားလုံးကို အကာအကွယ်ပေးရမယ်ဆိုတာ စာချုပ်အပိုဒ် ၅ မှာ ပါပါတယ်လို့ သမ္မတ အိုဘားမား ပြောကြား သွားတာဖြစ်ပါတယ်။"

တရုတ်တို့က Diaoyu ခေါ်ဝေါ်တဲ့ ကျွန်းတွေရဲ့ အချုပ်အခြာနဲ့ပါတ်သက်လို့တော့ အမေရိကန်က ဘယ်ဘက်ကိုမှ မလိုက်ဘူးဆိုတာကိုလဲ သမ္မတအိုဘားမားက အလေးအနက်ပြောခဲ့ပါတယ်။ လက်ရှိ ရှိနေတဲ့ အနေအထား ပြောင်းသွားအောင် တဖက်သတ် ဆောင်ရွက်မှုမှန်သမျှကို လက်ခံမှာ မဟုတ်ဘူးလို့လဲ သူက သတိပေးပါတယ်။

ပိုင်နက်အငြင်းပွားနေတဲ့ ကျွန်းတွေနဲ့ ပါတ်သက်လို့ အမေရိကန် သမ္မတယောက်အနေနဲ့ ဂျပန်ဖက်က ရပ်တည်တယ်ဆိုတာကို
လတ်တလောကာလတွေအတွင်းမှာ အပြတ်သားဆုံးပြသလိုက်တာဖြစ်ပါ
တယ်၊ ဂျပန်နဲ့ တရုတ်နိုင်ငံကြား မှာ ကျွန်းတွေ ကိစ္စကြောင့် ဆက်ဆံရေးထိခိုက်နေတာပါ။

Diaoyu ကျွန်းတွေဟာ တရုတ်က အဆက်ဆက်ပိုင်လာတဲ့ ကျွန်းတွေဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရ သူ ချင်ဂန်း Qin Gang ကပြောပြီး အမေရိကန် သမ္မတရဲ့ အပြောကို တုံ့ပြန်ခဲ့ပါတယ်၊ တရုတ်အနေနဲ့လဲ သူ့ရဲ့ အချုပ်အခြာ အာဏာနဲ့ ရေကြောင်းဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို ဆက်ပြီး ကာကွယ်သွားမယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတ အိုဘားမားဟာ သီတင်းတပါတ်ကြာ
အာရှခရီးစဉ်ရဲ့ ပထမဆုံး နိုင်ငံအဖြစ် ဂျပန်နိုင်ငံမှာ
ရောက်ရှိနေတာဖြစ်ပြီး၊ ပြီးရင်တော့ တောင်ကိုရီးယား၊ မလေးရှားနဲ့
ဖိလစ်ပိုင်နိုင်ငံတွေကို ခရီးဆက်မှာ ဖြစ်ပါတယ်၊
XS
SM
MD
LG