သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

9/11 နှစ်ပတ်လည် အမေရိကန်နိုင်ငံသားတွေ ပြင်ဆင်


ဒီကနေ့ကျရောက်တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ တိုက်ခိုက်မှု နှစ်ပတ်လည်နေ့ အခမ်းအနားတွေ ကျင်းပဖို့ အမေရိကန် ပြည်ထောင်စုတလွှားမှာ ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြပါတယ်။

အကြမ်းဖက်သမားတွေက လေယာဉ်တွေကို အနုကြမ်းစီးခဲ့ကြပြီး နယူးယောက်မြို့က ကမ္ဘာ့ကုန်သွယ်ရေးစင်တာ၊ ဗာဂျီးနီးယားက ပန်တဂွန်စစ်ဌာနချုပ်နဲ့ ပန်ဆာဗေးနီးယားက ကွင်းပြင်တခုထဲကို ဝင်တိုက်ခဲ့တာကြောင့် ၂၀၀၁ ခုနှစ် စင်တင်ဘာလ ၁၁ ရက်နေ့မှာ လူပေါင်း (၃၀၀၀) နီးပါး သေဆုံးခဲ့ရပါတယ်။

အခမ်းအနားတွေကို နယူးယောက်မြို့နဲ့ ပန်တဂွန်စစ်ဌာနချုပ်မှာ ကျင်းပမှာဖြစ်ပြီး ပန်တဂွန်မှာ ကျင်းပမယ့်အခမ်းအနားကိုတော့ သမ္မတအိုဘားမား၊ ကာကွယ်ရေးဝန်ကြီး Chuck Hagel နဲ့ ပူးတွဲစစ်ဦးစီးချုပ်များရဲ့ ဥက္ကဋ္ဌ Martin Dempsey တို့ တက်ရောက်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG