သမ္မတ Barack Obama အစိုးရဟာ ဆီးရီးယားအပေါ် စစ်ရေးနဲ့ တုံ့ပြန်မဲ့အပေါ် အမေရိကန်ပြည်သူတွေရဲ့ ထောက်ခံမှုရရှိဖို့ တိုက်တွန်း ကြိုးစားနေပါတယ်။
ဘယ်လိုမှ လက်မခံနိုင်လောက်တဲ့ တိုက်ခိုက်မှုအပေါ် တုံ့ပြန်ဖို့ ပျက်ကွက်တယ်ဆိုရင် နောက်ထပ် ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ခြေ ရှိတယ်လို့ သမ္မတက နိုင်ငံတော်ကို အပတ်စဉ်ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ခုလို သမ္မတက ပြည်တွင်းမှာ ထောက်ခံမှုရရှိဖို့ ဆောင်ရွက်နေချိန်မှာပဲ နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း အမေရိကန်ရဲ့ အရေးယူမယ့် အစီအစဉ်အပေါ် ထောက်ခံကြဖို့ ဥရောပ နိုင်ငံခြားရေးဝန်ကြီးတွေကို တိုက်တွန်းနေပါတယ်။ EU ဥရောပသမဂ္ဂအလှည့်ကျတာဝန်ယူထားတဲ့ Lithuania နိုင်ငံ Vilnius မြို့တော်မှာ ဝန်ကြီး Kerry ဟာ ဥရောပနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆီးရီးယားအရေးကို အလွတ်သဘော ဒီကနေ့ ဆွေးနွေးခဲ့ပါတယ်။
ဝန်ကြီး Kerry နဲ့ တွေ့ဆုံအပြီးမှာ ဆီးရီးယားအစိုးရရဲ့ တိုက်ခိုက်မှုအပေါ် ပြတ်ပြတ်သားသားနဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ တိုက်တွန်းထားတဲ့ ကြေညာချက်ကို EU နိုင်ငံခြား မူဝါဒရေးရာအကြီးအကဲ Catherine Ashton ကဖတ်ပြခဲ့ပါတယ်။ ခုလို ထောက်ခံမှုပြသတဲ့အပေါ် ဝမ်းသာတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တုံ့ပြန်ခဲ့ပါတယ်။
G-20 ထိပ်သီးစည်းဝေးပွဲမှာ အမေရိကန်အပါအဝင် နိုင်ငံ ၁၀ ခုက ပြင်းပြင်းထန်ထန် ဆီးရီးယားအပေါ် တုံ့ပြန်အရေးယူဖို့ တောင်းဆိုထားတဲ့
ကြေညာချက်မှာ လက်မှတ်ရေးထိုးမယ်လို့ ဂျာမနီနိုင်ငံကလည်း ပြောပါတယ်ရှင်။