သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်စစ်သား ၁၅၀၀ အီရတ်ကိုစေလွှတ်မည်


IS စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ စေတနာ့ဝန်ထမ်း စစ်မှုထမ်းကြမယ့် အီရတ်နိုင်ငံသားများ။
IS စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ စေတနာ့ဝန်ထမ်း စစ်မှုထမ်းကြမယ့် အီရတ်နိုင်ငံသားများ။

Islamic State စစ်သွေးကြွတွေကို ချေမှုန်းနိုင်ရေးအတွက် အီရတ်ကို အမေရိကန်တပ်သား နောက်ထပ် ၁၅၀၀ စေလွှတ်ဖို့ သမ္မတ Barack Obama က အမိန့်ပေးခဲ့ပါတယ်။ အမေရိကန်စစ်သားတွေအနေနဲ့ တိုက်ခိုက်ရေးတာဝန်ကိုယူမှာ မဟုတ်ဘဲ IS စစ်သွေးကြွတွေကို တိုက်ခိုက်နေကြတဲ့ အီရတ်နဲ့ Kurds
တပ်ဖွဲ့တွေကို စစ်သင်တန်းပေး လိုအပ်တဲ့အကြံဉာဏ်တွေပေးမှာဖြစ်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရသူတွေက ပြောပါတယ်။

ဒီစစ်ဆင်ရေးအတွက် အသုံးစရိတ် ဒေါ်လာ ၅.၆ ဘီလျံပေးဖိ့ုလည်း Congress လွှတ်တော်ကို သမ္မတက တောင်းမှာဖြစ်တယ်လို့ ပြောပါတယ်။ ဒီစရိတ်ထဲမှာ အီရတ်စစ်သားတွေကို လေ့ကျင့်ရေးနဲ့ လက်နက် ကိရိယာတွေ ပံ့ပိုးပေးနိုင်ရေး ဒေါ်လာ ၁.၆ ဘီလျံသုံးစွဲမယ့် အစီအစဉ်လည်းပါတယ်လို့ အမေရိကန်အစိုးရ ထိပ်ပိုင်းအရာရှိတွေက ပြောပါတယ်။

လွှတ်တော်ခေါင်းဆောင်တွေနဲ့ သမ္မတအိုဘားမား သောကြာနေ့က တွေ့ဆုံခဲ့အပြီးမှာ နောက်ထပ် အမေရိကန် တပ်တွေ အီရတ်ကို စေလွှတ်ဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။ အသုံးစရိတ်ခွင့်ပြုပေးဖို့ ကိစ္စနဲ့ IS စစ်သွေးကြွတွေ အပေါ် စစ်ရေးအရတိုက်ခိုက်နိုင်ရေး လွှတ်တော်က ခွင့်ပေးဖို့ကိစ္စတွေ အတွက် သမ္မတနဲ့ လွှတ်တော်အမတ်တွေ ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။

နောက်ထပ်အီရတ်ကို လွှတ်မဲ့စစ်သားတချို့က Baghdad နဲ့ Irbil မြို့ပြင်တွေနားမှာရှိတဲ့ စစ်စခန်းတွေမှာ အခြေစိုက်ပြီး အီရတ်တပ်တွေကို ကူညီလေ့ကျင့်ပေးမှာဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ ကျန်တဲ့ အမေရိကန်စစ်သားတွေကတော့ အီရတ်နိုင်ငံတဝန်းသွားပြီး အီရတ်တပ်တွေကို စစ်သင်တန်းတွေ ပေးမှာဖြစ်ပါတယ်။

XS
SM
MD
LG