သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်စစ်သား၂၀၀ အီရတ်ကိုထပ်စေလွှတ်


အီရတ်နိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးနဲ့ ဘဂ္ဂဒက်မြို့ နိုင်ငံတကာလေဆိပ်တွေရဲ့ လုံခြုံရေးကို တိုးမြှင့်တဲ့အနေနဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၂၀၀ ကို နောက်ထပ်စေလွှတ်ဖို့ သမ္မတအိုဘားမားက အမိန့်ပေးလိုက်ပါတယ်။

သမ္မတအိုဘားမားက သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အမေရိကန်လွှတ်တော်ကိုလည်း တနင်္လာနေ့က စာရေး အကြောင်းကြားလိုက်ပါတယ်။ အခုနောက်ဆုံး တပ်တွေစေလွှတ်တဲ့ထဲမှာ ရဟတ်ယာဉ်တွေနဲ့ လူမပါတဲ့ အဝေးထိန်းဒုံးတွေလည်း ပါဝင်တယ်လို့ သမ္မတအိုဘာမားက ပြောလိုက်ပါတယ်။

အမေရိကန်တပ်တွေဟာ အီရတ်နိုင်ငံကို ရောက်နေပြီလို့လည်း ပန်တဂွန် အမေရိကန်စစ်ဌာနချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရေတပ်ဗိုလ်ချုပ် John Kirby က ပြောပါတယ်။ အဲဒီတပ်ဖွဲ့ဝင်တွေဟာ အခုလအစောပိုင်းက အမေရိကန်သံရုံးကို ကာကွယ်ဖို့အတွက် စေလွှတ်လိုက်တဲ့ တပ်ဖွဲ့ဝင် ၂၇၅ ယောက်နဲ့ ပူးပေါင်းပါဝင်သွားမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ဒီတပ်ဖွဲ့ဝင်တွေဟာ အီရတ်နိုင်ငံတဝှမ်းက မြို့တွေကို စီးနင်းသိမ်းပိုက်နေတဲ့ သူပုန်အဖွဲ့တွေကိုတိုက်နေတဲ့ အီရတ်တပ်တွေကို အကြံပေးဖို့ စေလွှတ်တဲ့ စစ်ဘက်ဆိုင်ရာ အကြံပေး ၃၀၀ ထဲက မဟုတ်ဘဲ သီးခြားစေလွှတ်တာဖြစ်ပါတယ်။

အခုကြေညာချက်ကြောင့် အီရတ်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင်အင်အားဟာ ၈၀၀ လောက်ရှိသွားပြီဖြစ်ပါတယ်။

XS
SM
MD
LG