သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဘာသာရေးလွတ်လပ်ခွင့်သံ မြန်မာပြည်သွား


အမေရိကန်နိုင်ငံခြားရေးဌာန၊ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အထူးသံတမန် David Saperstein

အမေရိကန်နိုင်ငံခြားရေးဌာန၊ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အထူးသံတမန် David Saperstein ဟာ ကနေဒါ နိုင်ငံ၊ ဘာသာရေးလွတ်လပ်ခွင့်ရုံးရဲ့ သံအမတ်ကြီး Andrew Bennett နဲ့အတူ မေလ ၂ ရက်ကနေ ၅ ရက်နေ့အထိ မြန်မာနိုင်ငံ ဆီ လာရောက်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက မေလ ၁ ရက်နေ့မှာ ကြေညာထားပါတယ်။

သံအမတ်ကြီးနှစ်ဦးဟာ မြန်မာနိုင်ငံမှာ ရှိနေချိန်အတွင်း ဘာသာရေးနဲ့ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ခေါင်းဆောင်တွေ၊ အစိုးရ တာဝန်ရှိသူတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ ကျောင်းသားတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက တက်ကြွလှုပ်ရှားသူတွေအပြင် ဘာသာရေးနဲ့ တိုင်းရင်းသားလူမျိုး လူနည်းစု ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမယ်လို့ ကြေညာချက် မှာ ဖော်ပြထားပါတယ်။

ဘာသာရေးလွတ်လပ်ခွင့်အခြေအနေ တိုးတက်အောင် လုပ်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ဒီမိုကရေစီ ရေးရာတွေ တိုးတက်စေမယ်ဆိုတာကို သံအမတ်ကြီးနှစ်ဦးက ပူးတွဲပြောဆိုကြမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ကြေညာ ထားပါတယ်။

XS
SM
MD
LG