သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းနယ်စပ်က ရုရှားတပ်တွေရုပ်ဖို့ အမေရိကန်တောင်းဆို


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry (ဝဲ) Sergei Lavrov (ယာ) ပဲရစ္စ်မြို့က ရုရှားသံအမတ်နေအိမ်မှာ တွေ့ဆုံစဉ်။ (မတ်လ ၃၀၊ ၂၀၁၄)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry (ဝဲ) Sergei Lavrov (ယာ) ပဲရစ္စ်မြို့က ရုရှားသံအမတ်နေအိမ်မှာ တွေ့ဆုံစဉ်။ (မတ်လ ၃၀၊ ၂၀၁၄)
ယူကရိန်းနယ်စပ်တလျှောက်မှာ ချထားတဲ့ ထောင်သောင်းချီတဲ့ ရုရှားတပ်တွေကို ပြန်ဆုတ်ပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ရုရှားအစိုးရကို တောင်းဆိုလိုက်ပါတယ်။ အခုလိုတပ်တွေချထားတာဟာ ယူကရိန်းနိုင်ငံတွင်း စိုးရိမ်ကြောက်ရွံ့မှုတွေ ဖြစ်လာအောင် လုပ်နေသလို ဖြစ်နေတယ်လို့ လည်း ပြောပါတယ်။

ဝန်ကြီးကယ်ရီဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ၄ နာရီကြာ ဆွေးနွေးမှုတွေ အပြီး တနင်္လာနေ့ အစောပိုင်းက သတင်းထောက်တွေကို ခုလိုပြောဆိုလိုက်တာပါ။

ယူကရိန်းနိုင်ငံရဲ့ ရှေ့ရေးအတွက် သူတို့ကိုယ်တိုင် ဆုံးဖြတ်ခွင့်ရှိစေဖို့ ရုရှားကရော အမေရိကန်ကပါ သဘောတူခဲ့ကြတယ်လို့ ဝန်ကြီး ကယ်ရီက ပြောပါတယ်။ ယူကရိန်းပိုင် ခရိုင်းမီးယားကျွန်းဆွယ်ဒေသကို ရုရှားက သိမ်းပိုက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ပြေလျော့လာအောင် ဘယ်လို လုပ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး ၂ ဘက်စလုံးက အကြံပြုခဲ့ကြတယ်လို့လည်း ပြောပါတယ်။

သီးခြားပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov က ယူကရိန်းနိုင်ငံတွင်း လူနည်းစုတိုင်းရင်းသားတွေနဲ့ ဘာသာစကားဆိုင်ရာ ရပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး တိုးတက်စေဖို့အတွက် သူဟာ ယူကရိန်းအစိုးရနဲ့ရော ယူကရိန်းနိုင်ငံသားတွေနဲ့ပါ လက်တွဲလုပ်ဆောင်ဖို့ သဘောတူတယ်လို့ ပြောပါတယ်။
XS
SM
MD
LG