သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Chevron ကုမ္ပဏီ ဘင်္ဂလားဒက်ရှ်မှာ ဓါတ်ငွေ့ထုတ်


အမေရိကန်ပိုင် Chevron ရေနံကုမ္ပဏီ ရေနံနဲ့ သဘဝဓါတ်ငွေ့ ထုတ်ယူနေ။
အမေရိကန်ပိုင် Chevron ရေနံကုမ္ပဏီ ရေနံနဲ့ သဘဝဓါတ်ငွေ့ ထုတ်ယူနေ။

အမေရိကန် Chevron ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကုမ္ပဏီက ဘင်္ဂလားဒက်ရှ် နိုင်ငံ အရှေ့မြောက်ပိုင်း Sylhet ဒေသမှာ သဘာဝ ဓါတ်ငွေ့တွေကို ရေနံတွင်း ၂ တွင်း ကနေ စပြီးထုတ် နေပြီဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလက အဲဒီဒေသမှာ လုပ်ငန်းစတင်ခဲ့တဲ့ Chevron ကုမ္ပဏီဟာ ဒက်ကာမြို့တော်နဲ့ မိုင် ၁၇၅ မိုင်အကွာမှာ ရှိတဲ့ Jalalabad ရေနံမြေကနေ သဘဝဓါတ်ငွေ့ တနေ့ကို ကုဗပေသန်းပေါင်း ၁၃၀ လောက် ကနဦးထုတ်ယူမှာ ဖြစ်တယ်လို့ ဘင်္ဂလားဒက်ရှ် လျှပ်စစ်ဓါတ်အား၊ စွမ်းအင်နဲ့ သတ္တုအရင်းအမြစ် ဆိုင်ရာ ဝန်ကြီးဌာနက တနင်္ဂနွေနေ့ ထုတ်ပြန်တဲ့ ကျေညာချက်မှာ ဖေါ်ပြထားပါတယ်။

နောက်ထပ်တတွင်းကိုလည်း အဲဒီရေနံမြေမှာပဲ ရှှေ့နှစ်မှာ စတင်ထုတ်ယူဖို့ ဝန်ကြီးဌာနက ခန့်မှန်းထားတာဖြစ်ပါတယ်။ ဘင်္ဂလားဒက်ရှ် နိုင်ငံမှာ စွမ်းအင်လိုအပ်ချက်က ကြီးမားနေပြီး ၂၀၂၁ ခုနှစ်မှာ ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံ တနိုင်ငံ ဖြစ်လာစေဖို့ ချမှတ်ထားတဲ့ ရည်မှန်းချက် အကော်ထည် ဖေါ်နိုင်အောင် လျှပ်စစ်ဓါတ်အားနဲ့ စွမ်းအင်ရဖို့ ပိုမိုလိုအပ်နေတယ်လို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။ ဒါ့အပြင် စွမ်းအင်ကဏ္ဍမှာ ကျွမ်းကျင်မှု ရှိလာစေဖို့အတွက် ဘင်္ဂလားဒက်ရှ် နိုင်ငံသားတွေကို လေ့ကျင့် သင်ကြားပေးဖို့လည်း Chevron ကုမ္ပဏီကို ပန်ကြားခဲ့ပါတယ်။

ဂျလာလာဘတ် ရေနံမြေကို ၁၉၈၉ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ဒီရေနံမြေဟာ ဘင်္ဂလားဒက်ရှ် နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက် ဖြည့်ဆည်းပေးမယ့် အရေးပါတဲ့ ရေနံမြေဖြစ်ကြောင်း အစိုးရပိုင် Petrobangla ကုမ္ပီဏီအကြီးအကဲက ပြောပါတယ်။ ဘင်္ဂလားဒက်ရှ် နိုင်ငံမှာ သဘာဝ ဓါတ်ငွေ့လိုအပ်ချက်ဟာ တနေ့ကို ကုဗပေ သန်း ၅၀၀ လောက် ရှိနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG