သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ်ကုန်သွယ်ရေး ပြဿနာ ၂ ဘက် လုပ်ငန်းတွေ ထိခိုက်ဖွယ်ရှိ


တရုတ်ကုန်ပစ္စည်းပေါ် အခွန် ဘီလီယံ ၅၀ ဖိုး အခွန်တိုးသတ်မှတ်ပြီးနောက်Deerfield Farm Service မှာ ပြန်သိမ်းထားရတဲ့ ပဲဝါလေးထုတ်များ။
တရုတ်ကုန်ပစ္စည်းပေါ် အခွန် ဘီလီယံ ၅၀ ဖိုး အခွန်တိုးသတ်မှတ်ပြီးနောက်Deerfield Farm Service မှာ ပြန်သိမ်းထားရတဲ့ ပဲဝါလေးထုတ်များ။

ကမ္ဘာ့ စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံနှစ်ခုဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားတာ အရှိန်မြင့် လာတာကနေ လုပ်ငန်းတွေအပေါ် သက်ရောက်မှုရှိလာနိုင်တာကို အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံစလုံးက စီးပွားရေးကုမ္ပဏီတွေနဲ့ ကုန်သွယ်ရေးအဖွဲ့အစည်းတွေ စိုးရိမ်နေကြပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က တရုတ်ကုန်ပစ္စည်းတွေအပေါ် ဒေါ်လာ ဘီလီယံ ၅၀ ဖိုး အခွန်သတ်မှတ်ပြီးတဲ့နောက် တရုတ်ဘက်ကလည်း အခွန်တိုးကောက်မယ့် အမေရိကန်ကုန်ပစ္စည်းတွေ စာရင်းကို ချက်ခြင်းပဲ ထုတ်ပြန် ကြေညာပါတယ်။

ဒီအခြေအနေကနေ ကုန်သွယ်ရေးစစ်ပွဲဖြစ်တဲ့အဆင့်ထိ ရောက်သွားပြီး နှစ်နိုင်ငံကြား ကြီးမားတဲ့ အပြန်အလှန် ကုန်သွယ်ရေးကို ထိခိုက်မယ့်အရေး ရင်ဆိုင်နေရတာပါ။ ဒါဟာ တရုတ်ရဲ့ ကြီးမားလှတဲ့ ဈေးကွက်ကြီးနဲ့ ဆက်စပ်လုပ်ကိုင်ချင်တဲ့ အမေရိကန် ပြည်ပကုန်တင်ပို့သူတွေနဲ့ နိုင်ငံစုံကုမ္ပဏီကြီးတွေအတွက် အထိနာစေနိုင်ပါတယ်။

တရုတ်က အခွန်တိုးပြီးကောက်မယ့် အမေရိကန် ထုတ်ကုန်တွေထဲမှာ ထိပ်ဆုံးကပါနေတာကတော့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး ကဏ္ဍ ထုတ်ကုန်တွေပါ။ နောက်လကစပြီး တရုတ်ဘက်က ပြန်ကောက်မယ့်အခွန် ဒေါ်လာ ၃၄ ဘီလီယံဖိုးထဲမှာ ဝက်သား၊ ကျေးငှက်တိရိစ္ဆာန်၊ အမဲသား၊ လိမ္မော်သီး စတဲ့ အမေရိကန်ကုန်တွေ ပါဝင်ပါတယ်။

ထိခိုက်နိုင်ခြေရှိတဲ့ အမေရိကန်လုပ်ငန်းတွေထဲမှာ မော်တော်ကားထုတ်လုပ်ရေး လုပ်ငန်းကဏ္ဍလည်း တခုအပါအဝင်ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG