သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှုအားပေးနိုင်ငံစာရင်း မြောက်ကိုရီးယားထည့်ဖို့ ကန် စဉ်းစား


ሶኒ ኮርፐሬሽን
ሶኒ ኮርፐሬሽን

ဆိုနီရုပ်ရှင်ထုတ်လုပ်ရေး အင်တာနက် ဆိုက်ဘာတိုက်ခိုက်မှု နောက်ဆက်တွဲအဖြစ်နဲ့ မြောက်ကိုးရီးယားအစိုးရကိုအကြမ်းဖက်မှု အားပေးတဲ့နိုင်ငံအဖြစ် သတ်မှတ်ထည့်သွင်းရမလားဆိုတာကို အမေရိကန်တို့ သုံးသပ်နေတယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။

ဆိုနီရုပ်ရှင် ထုတ်လုပ်ရေး အင်တာနက်ဆိုက်ဘာ တိုက်ခိုက်မှုဟာ ကွန်မြူနစ် မြောက်ကိုးရီးယားရဲ့လက်ချက်လို့ အမေရိကန်အရာရှိတို့က စွပ်စွဲ ပြောဆိုနေတာပါ။ အင်တာနက်ဆိုက်ဘာ ချိုးဖောက်မှုဟာ စစ်ပွဲသဘောမဟုတ်ပေမယ့် ထိခိုက်မှုကြီးတယ်လို့ ယူဆလို့ရတဲ့အကြောင်း CNN ရုပ်သံရဲ့ State of the Nation အစီအစဉ်မှာ သမ္မတ အိုဘားမားကပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုးရီးယားတို့ကတော့ ဆိုနီ ရုပ်ရှင်ထုတ်လုပ်ရေး ကွန်ပျူတာ Network ကို ဖောက်ထွင်းဝင်ရောက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ဖွယ် အီးမေလ်းတွေနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အင်တာနက်ပေါ်မှာတင်ခဲ့တာဟာ သူတို့ လက်ချက်မဟုတ်ဘူးဆိုပြီး ငြင်းဆိုထားပါတယ်။ အခု အင်တာနက်ဖောက်ထွင်းသူ Hackers တွေကတော့ သူတို့ကိုယ်သူတို့ ငြိမ်းချမ်းရေးကို စောင့်ရှောက်သူများလို့ အမည်ပေးထားပြီး မြောက်ကိုးရီးယား ခေါင်းဆောင်ကင်ဂျုံအွန်းကို လုပ်ကြံဖို့ CIA တို့က သတင်းထောက်နှစ်ဦးကို ငှားရမ်းတဲ့အကြောင်း ရိုက်ထားတဲ့ The Interview ရုပ်ရှင်ကားကို ကြည့်ရှုသူတွေဟာ ကြမ္မာဆိုးနဲ့ ရင်ဆိုင်ရပါစေမယ်လို့လည်း သတိပေးခဲ့တာပါ။ အခုတော့ ဆိုနီ ရုပ်ရှင်ထုတ်လုပ်ရေးက ဒီလ ၂၅ ရက်နေ့ ရုံတင်ပြသမယ့် The Interview ရုပ်ရှင်ကားကို ရုံးတင်မယ့် အစီအစဉ်ကို ဖျက်သိမ်းထားပါတယ်။

XS
SM
MD
LG