သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားနဲ့အီရတ်က IS ကို ကန် လေကြောင်း တိုက်ခိုက်မှုဆက်လုပ်


ဘယ်လ်ဂျီယံ F-16 တိုက်လေယာဉ်တွေ IS စစ်သွေးကြွတွေ တိုက်ခိုက်ဖို့ နိုင်ငံတကာ မဟာမိတ်အဖွဲ့ဆီ ပျံသန်းစဉ်။ (၀၉-၂၆-၁၄)
ဘယ်လ်ဂျီယံ F-16 တိုက်လေယာဉ်တွေ IS စစ်သွေးကြွတွေ တိုက်ခိုက်ဖို့ နိုင်ငံတကာ မဟာမိတ်အဖွဲ့ဆီ ပျံသန်းစဉ်။ (၀၉-၂၆-၁၄)

IS အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့တွေကို တိုက်ဖို့အတွက် အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်ညွန့်ပေါင်းအစိုးရအဖွဲ့ကို ဗြိတိန်၊ ဒိန်းမတ် နဲ့ ဘယ်လ်ဂျီယမ်နိုင်ငံတွေက ပါဝင်လာတာနဲ့ အမျှ၊ အီရတ်နဲ့ဆီးရီးယားနိုင်ငံတွေမှာရှိတဲ့ IS စစ်သွေးကြွအဖွဲ့တွေကို ပစ်မှတ်ထားပြီးတော့ အမေရိကန်ကလည်း တိုက်လေယာဉ်တွေ၊ အဝေးထိန်း ဒုံးလေယာဉ်တွေအပါအဝင် တခြားလေကြောင်းတိုက်ခိုက်မှုတွေ တိုက်ခိုက်ခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံ DEIR EL-ZOUR ပြည်နယ်မှာရှိတဲ့ IS အဖွဲ့တွေရဲ့ သံချပ်ကာ ကား ၄ စင်းကို ချေမှုန်းနိုင်ခဲ့တယ်လို့ အမေရိကန် ဗဟို စစ်ဌာနချုပ်က ပြောပါတယ်။ ဆီရီးယားနိုင်ငံက DEIR EL-ZOUR ပြည်နယ်မှာရှိတဲ့ ရေနံတွင်းကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဆီးရီးယားစစ်ပွဲကို လေ့လာစောင်ကြည့်နေတဲ့ အဖွဲ့က သောကြာနေ့မှာ ပြောပါတယ်။ IS အဖွဲ့ရဲ့ ဗဟိုဌာနချုပ်လည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ ဆီးရီးယားလူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာတော့ ကာဒစ်ရှ်တပ်ဖွဲ့တွေက KOBANI မြို့နားမှာ IS အဖွဲ့တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ ဗွီဒီယိုတခုမှာ ဖော်ပြထားပါတယ်။ အီရတ်နိုင်ငံမှာတော့ ကာကွတ် ၊ ဘက်ဒက် AL-Qaim မြို့နားတွေမှာ IS အဖွဲ့တွေရဲ့ စစ်ကားတွေနဲ့ တပ်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေကြောင့် IS အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို ဟန့်တားနိုင်ခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel က သောကြာနေ့မှာ ပြောလိုက်ပါတယ်။

XS
SM
MD
LG