သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရိုက်တာအမှု ဥပဒေချိုးဖေါက်လို့အရေးယူဟု ဒေါ်စုကာကွယ်မှု ကန်ဝေဖန်


Heather Nauert

Reuters သတင်းဌာနက မြန်မာသတင်းထောက်နှစ်ယောက်ကို ထောင်ဒဏ် စီရင်ချက်ချခဲ့တဲ့အပေါ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကာကွယ်ပြောဆိုလိုက်တဲ့အတွက် အမေရိကန်က ဝေဖန်လိုက် ပါတယ်။ Reuters သတင်းထောက်တွေကို နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှုအရ တရားရုံးက အပြစ်ပေးခဲ့တာသာဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် က မှတ်ချက်ပေးပြောဆိုခဲ့တာဟာ လက်ခံနိုင်စရာမရှိကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရက မနေ့တုန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်ပေး ပြောဆိုခဲ့တာကို ကြားသိရကြောင်းနဲ့ သတင်းထောက် ကို ၀လုံး နဲ့ ကိုကျော်စိုးဦးတို့ကို အရေးယူခဲ့တဲ့အပေါ် အလွန်အမင်း စိတ်ပျက်ရကြောင်းနဲ့ သတင်း ထောက် နှစ်ယောက်ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အမေရိကန်က ကြိုးပမ်းသွားမှာဖြစ်သလို တရားရုံးဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်အတွက် မေးခွန်းထုတ်စရာ ဖြစ် ရကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Heather Nauert ကပြောဆိုသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက်စကား တော်တော်များများကို လက်မခံနိုင်ကြောင်းလည်း ပြော ဆိုခဲ့ပါ တယ်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ကလည်း သတင်းထောက် နှစ်ယောက်ကို စီရင်ချက်ချခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် ကာကွယ် ပြောဆို ခဲ့တာဟာ မယုံနိုင်စရာ ဖြစ်ရကြောင်း Twitter လူမှုကွန်ယက်ကနေ မနေ့တုန်းကပဲ ပြောဆို လိုက်တာပါ။

ဒီလ ၃ ရက်နေ့မှာပဲ သတင်းထောက် ၂ ယောက်ကို ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၇ နှစ်စီ အပြစ်ပေးလိုက်တဲ့အတွက် အမေရိကန်နဲ့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံ တကာက ပြစ်တင်ဝေဖန်မှုတွေ အကြီးအကျယ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် ဒုသမ္မတ Mike Pence ကလည်း တရားရုံး စီရင်ချက်ကို ပြန်လည် ပြင်ဆင်ပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့ တိုက်တွန်းခဲ့သလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကလည်း တရားရုံး ဆုံးဖြတ်ချက်အပေါ် စိုးရိမ်ကြောင်းနဲ့ ပြန်လည်သုံးသပ်ဖို့လည်း တိုက်တွန်းခဲ့ကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG