သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးရန် ကာကွယ်ဖို့ အမေရိကန် စစ်သင်္ဘောတွေ လွှတ်မည်


အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီး Chuck Hagel (ဝဲ) နဲ့ ဂျပန်ကာကွယ်ရေးဝန်ကြီး Itsunori Onodera (ယာ)
အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီး Chuck Hagel (ဝဲ) နဲ့ ဂျပန်ကာကွယ်ရေးဝန်ကြီး Itsunori Onodera (ယာ)
မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်လုပ်ရပ်တွေကို တန်ပြန်နိုင်ဖို့အတွက် ဒုံးလက်နက်ရန်ကာကွယ်ရေး စစ်သင်္ဘော ၂ စင်းကို ဂျပန်ကို ပို့ဖို့
အမေရိကန်အစိုးရက စီစဉ်နေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel က ပြောလိုက်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး Missile ဒုံးပစ်လွှတ်မှုအပါအဝင် မြောက်ကိုရီးယားအစိုးရရဲ့ ရန်စတဲ့လုပ်ရပ်နဲ့
မတည်မငြိမ်ဖြစ်အောင်လုပ်နေတဲ့ လုပ်ရပ်တွေကို တုံ့ပြန်နိုင်ဖို့အတွက် အမေရိကန်က ပဲ့ထိန်းထပ်ဒုံးခွင်းစနစ်တပ်ဆင်ထားတဲ့ အီးဂျစ် စ် (AEGIS)
စစ်သင်္ဘော နောက်ထပ် ၂ စင်းကို 2017 ခုနှစ်မတိုင်ခင် ဂျပန်မှာထားရှိဖို့ စီစဉ်နေပါတယ်လို့ ကာကွယ်ရေးဝန်ကြီး Hagel ပြောခဲ့တာပါ၊

ဂျပန်ကာကွယ်ရေးဝန်ကြီး Itsunori Onodera နဲ့ Tokyo မြို့တော်မှာ ဒီကနေ့ တနင်္ဂနွေနေ့မှာ တွေ့ဆုံခဲ့ပြီးနောက် ခုလို ကြေညာခဲ့တာဖြစ်ပါတယ်။
မြောက်ကိုရီးယားက ဒုံးကျည် ပြစ်လွှတ်မှုတွေ Nuclear စမ်းသပ်မှုတွေကို အဆက်မပြတ်လုပ်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ တင်းမာမှုတွေတိုးအောင်
လုပ်နေချိန်မှာပဲ ခုလို အမေရိကန်က ဂျပန်မှာနောက်ထပ် စစ်သင်္ဘော ၂ စင်းထားရှိဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံကို ခရီးဆက်သွားမဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးက တရုတ်နိုင်ငံအနေနဲ့လဲ ဒေသတွင်းဆက်ဆံရေးနဲ့ ပိုင်နက်အငြင်းပွားမှုတွေအတွက် သူ့ရဲ့အင်အားကို တာဝန်သိသိ အသုံးပြုဖို့ တိုက်တွန်းပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel ဟာ အာရှ Pacific
နိုင်ငံတွေဆီကို ၁၀ ရက်ကြာခရီးထွက်နေပြီး ဒေသတွင်းမှာ အပြန်အလှန် သဘောတူထားတဲ့ ကာကွယ်ရေးဆိုင်ရာ သဘောတူချက်တွေအတိုင်း
အမေရိကန်ပြည်ထောင်စုက အခိုင်အမာ ကိုင်စွဲထားတယ်ဆိုတာကို ထပ်ပြီး အာမခံချက်ပေးနေပါတယ်။
XS
SM
MD
LG