သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီယားအရေး အမေရိကန်၊ အီရန် တိုက်ရိုက်ဆွေးနွေးမည်

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး William Burns
အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး William Burns
အီရန်ရဲ့ နျူကလီယားအစီအစဉ်နဲ့ ပတ်သက်ပြီး အမေရိကန်နဲ့အီရန်အကြား နှစ်ရက်ကြာ တိုက်ရိုက် တွေ့ဆုံဆွေးနွေးပွဲတွေ ဒီကနေ့ စတင်လိုက်ပါတယ်။ နောက် သီတင်းခုနစ်ပတ်အတွင်း ပြီးပြည့်စုံတဲ့ နိုင်ငံတကာသဘောတူညီချက်တခုရဖို့ ရက် သတ်မှတ်ထားကြပါတယ်။

ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ဆွေးနွေးပွဲမှာ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး William Burns နဲ့ အီရန် ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Abbas Araqchi တို့ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ ဆွေးနွေးနေကြတာဖြစ်ပါတယ်။ နိုင်ငံတကာ စေ့စပ်ဆွေးနွေးပွဲ တွေ ပြီးခဲ့တဲ့လမှာ ရပ်ဆိုင်းသွားခဲ့ပြီး နောက်သီတင်းပတ်မှာ နောက်အကျော့ ဆွေးနွေးပွဲတွေ ပြန်မစခင်မှာပဲ အခု နှစ်နိုင်ငံ တိုက်ရိုက်ဆွေးနွေးပွဲ ဖြစ်လာတာပါ။

ဥရောပသမဂ္ဂ EU ရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Catherine Ashton ရဲ့ လက်ထောက် Helga Schmidt လည်း တနင်္လာနေ့နဲ့ အင်္ဂါနေ့ ဆွေးနွေးပွဲတွေမှာ ပါဝင် တက်ရောက်နေပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ကြားဖြတ်သဘောတူညီချက်တခုရခဲ့တဲ့ ဆွေးနွေးပွဲတွေမှာ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ ရုရှားနဲ့ ဂျာမနီတို့ပါဝင်တဲ့ P5+1 လို့ခေါ်တဲ့ အဖွဲ့နဲ့ ဆွေးနွေးပွဲတွေကို Ashton က ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG