သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အတွက် အမေရိကန်ပြည်ဝင်ခွင့် ဗီဇာသက်တမ်းတိုး


အမေရိကန်သမ္မတ Barack Obama၊ တရုတ်သမ္မတ Xi Jinping နဲ့ သမ္မတကတော် (ဝဲမှယာ)။ (နိုဝင်ဘာ ၁၀၊ ၂၀၁၄)
အမေရိကန်သမ္မတ Barack Obama၊ တရုတ်သမ္မတ Xi Jinping နဲ့ သမ္မတကတော် (ဝဲမှယာ)။ (နိုဝင်ဘာ ၁၀၊ ၂၀၁၄)

အမေရိကန် သမ္မတဘာရက်အိုဘားမားက တရုတ်နိုင်ငံ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကြွယ်ဝတိုးတက်လာတာကို အမေရိကန်က ကြိုဆိုလိုက်ကြောင်း ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံ၊ ဘေဂျင်းမှာကျင်းပနေတဲ့ APEC အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးညီလာခံမှာ စီးပွားရေးခေါင်းဆောင်တွေကို ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွာတာပါ။

အမေရိကန်နဲ့ တရုတ်နိုင်ငံကြားထားရှိမယ့် ပြည်ဝင်ခွင့်ဆိုင်ရာ မူဝါဒသစ်ကို သမ္မတ Obama က တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။ တနိုင်ငံနဲ့တနိုင်ငံ သက်တမ်းတို အလည်အပတ် ပြည်ဝင်ခွင့်ဗီဇာကို တိုးပေးတော့မှာဖြစ်သလို စီးပွားရေးလုပ်ငန်းဆိုင်ရာ ပြည်ဝင်ခွင့် သက်တမ်းကိုလည်း ၁ နှစ်ကနေ အမေရိကန်ဥပဒေမှာ သက်တမ်းအရှည်ဆုံးပေးတဲ့ ၁၀ နှစ်အထိ visa တိုးပေးမှာဖြစ်ကြောင်း ပြောကြား ခဲ့တာပါ။ ကျောင်းသားနဲ့ပညာရှင်ဖလှယ်ရေး visa တွေကိုတော့ ၁ နှစ်ကနေ ၅ နှစ်အထိ သက်တမ်းတိုးပေးမှာ ဖြစ်ပါတယ်။ ဒီသဘောတူညီမှုဟာ နိုဝင်ဘာလ ၁၂ ရက်နေ့ကစပြီး အကျူံးဝင်မှာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတဟာ တရုတ်နိုင်ငံ၊ ဘေဂျင်းကို တနင်္လာနေ့မှာ ရောက်ခဲ့တာဖြစ်ပြီး ကွန်ပြူတာ ဆိုင်ဘာ ထောက်လှမ်းမှုတွေကနေ လူ့အခွင့်အရေးချိုးဖေါက်မှုတွေအဆုံး ပြဿနာတွေနဲ့ အမေရိကန်နဲ့ တရုတ်တို့ကြား တင်းမာမှုတွေရှိနေချိန်မှာ သွားရောက်တာဖြစ်ပါတယ်။ ဒါ့အပြင် ပစိဖိတ်ဒေသမှာ အမေရိကန်က စစ်တပ်တွေပို့ပြီး ချိန်ခွင်လျှာညှှိရင်း တရုတ်နိုင်ငံကို ထိမ်းချုပ်ဖို့ ကြိုးစားနေတယ်လို့ တရုတ် ခေါင်းဆောင်တွေက ထင်မှတ်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။ သမ္မတ အိုဘားမားဟာ တရုတ်သမ္မတ Xi Jinping နဲ့ အင်္ဂါနေ့ ညနေပိုင်းမှာ တွေ့ဆုံစကားပြောဖို့လည်း စီစဉ်ထားပါတယ်။

အမေရိကန်သမ္မတဟာ တရုတ်နိုင်ငံ၊ ဘေဂျင်းက အမေရိကန်သံရုံးမှာ Australia ဝန်ကြီးချုပ် Tony Abbot နဲ့ တွေ့ဆုံအပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ရာမှာ မြန်မာနိုင်ငံအကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အင်အားကြီးမားစွာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတာကို တွေ့ရမှာဖြစ်ကြောင်း၊ လောလောဆယ်မှာ မပြီးဆုံးသေးပေမယ့် အံဝင်ဂွင်ကျ လုပ်ဆောင်နေတာမို့ မြန်မာပြည်သူတွေ လုံခြုံမှုနဲ့ ကြွယ်ဝမှုှတွေ ရလာနိုင်မယ်လို့ သူယုံကြည်ကြောင်းနဲ့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ မိတ်ဆွေကောင်းတွေအဖြစ် ဆက်လက် လုပ်ဆောင်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။

မစ္စတာ အိုဘားမားဟာ ဗုဒ္ဓဟူးနေ့ကျရင် တရုတ်နိုင်ငံကထွက်ခွာပြီး မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်မှာ ဖြစ်ပါတယ်။ သြစတြေးလျ နိုင်ငံမှာ ကျင်းပမယ့် G20 စက်မှုအင်အားကြီး နိုင်ငံ ၂၀ ရဲ့ အစည်းအဝေးမတိုင်ခင် မြန်မာနိုင်ငံမှာကျင်းပမယ့် အရှေ့အာရှ ထိပ်သီး ညီလာခံ နှစ်ခုကို သမ္မတအိုဘားမား တက်ရောက်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG