သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Obama နဲ့ Romney နိုင်ငံခြားရေး မူဝါဒအမြင်ကွဲပြား


သမ္မတလောင်းနှစ်ဦးရဲ့ တတိယနဲ့ နောက်ဆုံးအကြိမ် ယှဉ်ပြိုင်စကားစစ်ထိုးပွဲမြင်ကွင်း။
သမ္မတလောင်းနှစ်ဦးရဲ့ တတိယနဲ့ နောက်ဆုံးအကြိမ် ယှဉ်ပြိုင်စကားစစ်ထိုးပွဲမြင်ကွင်း။
အမေရိကန်သမ္မတ Barack Obama နဲ့ သမ္မတလောင်း Mitt Romney တို့ဟာ တနင်္လာနေ့က ကျင်းပတဲ့ တတိယမြောက်နဲ့ နောက်ဆုံး အကြိမ် စကားစစ်ထိုးပွဲအတွင်းမှာ နိုင်ငံရေးအရ ထိုးနှက်ပြောဆိုမှုတွေ အပြန်အလှန်ပြုလုပ်ခဲ့ကြပြီး Mr Romney ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ မှားယွင်းနေပါတယ်လို့ သမ္မတ Obama က ပြောသွားပါတယ်။

ဖလော်ရီဒါပြည်နယ်မှာ ကျင်းပတဲ့ စကားစစ်ထိုးပွဲအတွင်း မစ္စတာ Romney ကလည်း သမ္မတအိုဘားမား ကို ပြန်လှန်ထိုးနှက်ခဲ့ပြီး မစ္စတာ အိုဘားမားကို ဝေဖန်နေလို့ အရှေ့အလယ်ပိုင်းဒေသက တိုက်ခိုက်မှုတွေကို တားဆီးနိုင်မှာမှ မဟုတ်တာလို့ ပြောသွားပါတယ်။

အဲဒီဒေသနဲ့ပတ်သက်ပြီး မျှော်လင့်ထားခဲ့ကြတာနဲ့ လက်တွေ့ဖြစ်ရပ်တွေက လားလားကြီး ဆန့်ကျင်နေတာ တွေ့ရတယ်လို့လည်း မစ္စတာ Romney က ပြောပြီး မစ္စတာ Obama ရဲ့ နိုင်ငံခြားရေးမူဝါဒကို ရှုတ်ချသွားပါတယ်။

သမ္မတအိုဘားမားကတော့ အရှေ့အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီပေါ်ထွန်းဖို့ အမေရိကန်ပြည်ထောင်စုက မဟာမိတ် နိုင်ငံတွေနဲ့ လက်တွဲပြီးတော့ အထူးကြိုးပမ်းနေပါတယ် လို့ ပြောပြီး လစ်ဗျားနိုင်ငံကို ဥပမာပြပါတယ်။

အီရန်နိုင်ငံအရေးနဲ့ ပတ်သက်ပြီး ပြောကြားရာမှာတော့ အီရန်ကို အထိအနာဆုံး၊ အပြင်းထန်ဆုံး အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပြီး သူ့အစိုးရဖွဲ့ရဲ့အားကို ပြသနိုင်ခဲ့တယ်လို့ သမ္မတအိုဘားမား က ပြောပါတယ်။ မစ္စတာ Romney ကတော့ အီရန်နိုင်ငံမှာ နျူကလီယား လက်နက်ပိုင်ဆိုင်ဖို့ သမ္မတအိုဘားမး အုပ်ချုပ်ချုပ်ခဲ့တဲ့ လေးနှစ်အတွင်းမှာ ပိုနီးကပ်လာပြီးတော့ အမေရိကန်တို့ရဲ့ အင်အားတွေနေရာမှာ အားနည်းမှုတွေကိုပဲ အီရန်ခေါင်းဆောင်တွေ တွေ့သွားကြတယ် လို့ ပြောသွားပါတယ်ရှင်။
XS
SM
MD
LG