သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ်ပြိုင်ပွဲ ချန်ပီယံသစ်များ ထွက်ပေါ်


အိုလံပစ် ကျွမ်းဘားပြိုင်ပွဲမှာ ရွှေတံဆိပ်ရသွားခဲ့သော Gabby Douglas (ယာအစွန်)။
အိုလံပစ် ကျွမ်းဘားပြိုင်ပွဲမှာ ရွှေတံဆိပ်ရသွားခဲ့သော Gabby Douglas (ယာအစွန်)။
အိုလံပစ် အားကစားပွဲတော်ရဲ့ အမျိုးသမီး ကျွမ်းဘားပြိုင်ပွဲမှာ ချန်ပီယံအသစ် ထွက်ပေါ်လာပြီး သူ့နာမည်ကတော့ Gabby Douglas ဖြစ်ပါတယ်။

အမျိုးသမီး ဂျွမ်းဘားမျိုးစုံပြိုင်ပွဲမှာ ရုရှား ကျွမ်းဘားမယ်တွေ ဖြစ်ကြတဲ့ Viktoria Komova နဲ့ Alyia Mustafina တို့ကို အမေရိကန် ကျွမ်းဘားမယ်က အနိုင်ယူခဲ့တာဖြစ်ပါတယ်။ နောက်ထပ် အမေရိကန်ကျွမ်းဘားမယ် Alexandra Raisman ကတော့ နံပါတ် ၄ နေရာ ချိတ်ခဲ့ပါတယ်။

အိမ်ရှင် ဗြိတိန်နိုင်ငံကလည်းး အမျိုးသား အသင်းလိုက် စက်ဘီးစီးပြိုင်ပွဲ၊ သေနတ်ပစ်ပြိုင်ပွဲနဲ့ အမျိုးသား နှစ်ယောက်တွဲ ကနူး လှေလှော်ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်တွေ ရခဲ့ပါတယ်။

ဗြိတိန် အမျိုးသမီး ဂျူဒိုကစားသမား Gemma Gibbons ကတော့ ၇၈ ကီလိုတန်းမှာ အမေရိကန် ဂျူဒိုမယ် Kayla Harrison ကို ရှုံးနိမ့်ပြီး ငွေတံဆိပ်ပဲ ရခဲ့ပါတယ်။

ရုရှားဂျူဒိုသမား Tagir KHaibulaev ကတော့ ကီလို ၁၀၀ တန်း ဂျုဒိုပြိုင်ပွဲမှာ ရွှေတံဆိပ် ရသွားပါတယ်။ အဲဒီပွဲမှာ မွန်ဂိုလီယာ ကစားသမားက ငွေတံဆိပ်ရပါတယ်။

လက်ရှိမှာတော့ အမေရိကန်နဲ့ တရုတ်တို့က ဆုတံဆိပ်တွေ အများဆုံးရထားပြီး တောင် ကိုရီးယား၊ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတွေ က ပထမအဆင့် ငါးနိုင်ငံထဲမှာ ပါဝင်နေကြပါတယ်။
XS
SM
MD
LG