သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် အိန္ဒိယ ဂျပန် ရေတပ်စစ်ရေးလေ့ကျင့်

အိန္ဒိယရေတပ်စစ်ရေးလေ့ကျင့်စဉ်။ (အောက်တိုဘာ ၁၇၊ ၂၀၁၅)
အိန္ဒိယရေတပ်စစ်ရေးလေ့ကျင့်စဉ်။ (အောက်တိုဘာ ၁၇၊ ၂၀၁၅)

အမေရိကန်၊ အိန္ဒိယ၊ ဂျပန် တို့ပူးတွဲပြီး ရေတပ်စစ်ရေးလေ့ကျင့်ခန်းတရပ်ကို အိန္ဒိယနိုင်ငံ ယခင် မဒရပ်(စ်) လို့ခေါ်တဲ့ ချန်နိုင်းမြို့တောင်ဘက်မှာ အောက်တိုဘာလ ၁၄ ရက်ကနေ ၁၉ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ ဂျပန်ကို ထည့်သွင်းလာတာဟာ ၃ နိုင်ငံ စစ်ဘက်ဆက်ဆံရေး ခိုင်မာလာစေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။ တောင်တရုတ်ပင်လယ်မှာ တရုတ်တို့ တည်ဆောက်တဲ့ ကျွန်းအတုတွေနဲ့ နီးတဲ့နေရာကို စစ်သင်္ဘောတွေ စေလွှတ်ဖို့ စဉ်းစားနေတယ်လို့ အမေရိကန် စစ်ဘက်က ကြေညာခဲ့ပြီး မကြာခင်မှာပဲ အခုလို မာလာဘာ စစ်ရေးလေ့ကျင့်ခန်းပေါ်ထွက်လာတော့ ဖြစ်ပါတယ်။

မာလာဘာ (Malabar) လို့ အမည်ပေးထားတဲ့ ဒီစစ်ရေးလေ့ကျင့်မှုအတွက် အိန္ဒိယရေတပ်က ရေငုပ်သင်္ဘောတစင်း၊ စစ်သင်္ဘော ၂ စင်းနဲ့ ရေကြောင်း ထောက်လှမ်းရေး လေယာဉ် ၁ စင်း ပြန်ချထားပေမဲ့ သူတို့ရဲ့ လေယာဉ်သင်္ဘော ၂ စင်းတော့ ပါဝင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ၂၀၀၇ ခုနှစ်တုန်းက လေ့ကျင့်ခန်းမှာ ဂျပန်၊ သြစတြေးလျ၊ စင်္ကာပူ တို့ကိုပါ ပါဝင်စေခဲ့တဲအတွက် တရုတ်အတွက် စိုးရိမ်စရာ ဖြစ်စေခဲ့ပါတယ်။

ဒီလေ့ကျင့်ခန်းအတွက် အိန္ဒိယရေတပ်က ရေငုပ်သင်္ဘောတစင်း၊ စစ်သင်္ဘော ၂ စင်းနဲ့ ရေကြောင်းထောက်လှမ်းရေး လေယာဉ် ၁ စင်း ပြန်ချထားပေမဲ့ သူတို့ရဲ့ လေယာဉ်သင်္ဘော ၂ စင်းတော့ ပါဝင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ၂၀၀၇ ခုနှစ်တုန်းက လေ့ကျင့်ခန်းမှာ ဂျပန်၊ သြစတြေးလျ၊ စင်္ကာပူ တို့ကိုပါ ပါဝင်စေခဲ့တဲအတွက် တရုတ်အတွက် စိုးရိမ်စရာ ဖြစ်စေခဲ့ပါတယ်။ အမေရိကန် ရေတပ်နံပါတ် ၇ ရဲ့ တပ်မှူးကြီး ဂျိုးဇက် အော်ကွိုင် (Joseph Aucoin) က အိန္ဒိယဝန်ကြီးချုပ် မိုဒီပြောတဲ့အတိုင်း ကမ္ဘာအနှံ့ ဒီမိုကရေစီတန်ဖိုးတွေ ခိုင်မာစေဖို့အတွက် မျှော်လင့်တယ်လို့ဆိုပြီး၊ ဒီစစ်ရေးလေ့ကျင့်ခန်းအတွက် သီအိုဒေါး ရူးစဘတ် (Theodore Roosevelt) လေယာဉ်တင်သင်္ဘောနဲ့အတူ စစ်လေယာဉ်ကြီးတွေ ရေငုပ်သင်္ဘောကြီးတွေကို ထည့်သွင်း လေ့ကျင့်ဖို့ စီစဉ် ထားပါတယ်။

XS
SM
MD
LG