သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီယားအရေး အမေရိကန်-အီရန် ဆက်လက်ဆွေးနွေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry (ဝဲ) နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif တို့ကို အီရန်နျူကလီယားအရေးဆွေးနွေးပွဲမှာတွေ့ရစဉ်။ (မတ် ၁၆၊ ၂၀၁၅)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry (ဝဲ) နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif တို့ကို အီရန်နျူကလီယားအရေးဆွေးနွေးပွဲမှာတွေ့ရစဉ်။ (မတ် ၁၆၊ ၂၀၁၅)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif တို့ ဟာ ဆွစ်ဇာလန်နိုင်ငံမှာ ဒီကနေ့ တနင်္လာနေ့ ထပ်မံတွေ့ဆုံကြပြီး အချိန်အကြာကြီး ညှိနှိုင်းလာနေတဲ့ အီရန်နျူကလီယားအရေးနဲ့ပတ်သက်ပြီး သဘောတူညီချက်တွေ ရယူနိုင်ဖို့ ဆက်ကြိုးပမ်း နေကြပါတယ်။

မနေ့ - တနင်္ဂနွေနေ့မှာ နောက်ဆုံးကျင်းပခဲ့တဲ့ဆွေးနွေးပွဲမှာတော့နှစ်ဘက် သံတမန်တွေ ကျွမ်းကျင်သူတွေနဲ့အတူ မစ္စတာကယ်ရီ၊ မစ္စတာ ဇာရိဖ်တို့နဲ့ ပါဝင်ခဲ့တာပါ။ အီရန်အနေနဲ့ သူ့ရဲ့ နျူကလီယားအစီအစဉ်တွေကို ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်နဲ့သာ လုပ်ဆောင်သွားဖို့အာမခံပြီး အပြန်အလှန်အားဖြင့် အီရန်အပေါ် ချမှတ်ထားတဲ့ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးမယ့် သဘောတူညီချက် မူဘောင်ချမှတ်နိုင်ဖို့ သူတို့ဘာသူတို့ သတ်မှတ် ထားချိန်ရောက်ဖို့ သီတင်းပတ်နှစ်ပတ်သာ လိုတော့တာဖြစ်ပါတယ်။ နောက်ဆုံး ညှိနှိုင်းဖို့ခက်ခဲနေတဲ့ ကိစ္စရပ်တွေဟာ လုပ်ထုံးလုပ်နည်း ဆိုင်ရာထက် နိုင်ငံရေးနဲ့ဆိုင်တဲ့ ပြဿနာတွေဖြစ်တယ်လို့ ဝန်ကြီးကယ်ရီက တနင်္ဂနွေနေ့က ပြောပါတယ်။

လုပ်ထုံးလုပ်နည်းပိုင်း အယူအဆတွေမှာ ကွဲလွဲမှုတချို့ ရှိနေသေးပေမဲ့ အီရန်ရဲ့နျူကလီးယား အစီအစဉ်ဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်တယ်ဆိုတာ ကမ္ဘာကို သက်သေပြဖို့ ကတိပေးထားတဲ့အတိုင်း နိုင်ငံရေးအရ ဆုံးဖြတ် လုပ်ဆောင်ရမယ့် နေရာမှာ ညှိနှိုင်းဖို့ ခက်ခဲနေတယ်လို့ မစ္စတာကယ်ရီက CBS ရုပ်မြင်သံကြားရဲ့ Face The Nation အစီအစဉ်မှာ ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG