သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီအခြေစိုက်စခန်းမှာ ကန်တိုက်လေယာဉ်တွေ ဖြန့်ချ


 တူရကီ လေတပ်စခန်း မှာ တပ်ဖြန့်ချထားတဲ့လူ ၃၀၀ အထိ တင်နိုင်တဲ့ F-16 အမျိုးအစား တိုက်လေယာဉ်တွေကို မြင်ရစဉ်။ (သြဂုတ် ၉၊ ၂၀၁၅)
တူရကီ လေတပ်စခန်း မှာ တပ်ဖြန့်ချထားတဲ့လူ ၃၀၀ အထိ တင်နိုင်တဲ့ F-16 အမျိုးအစား တိုက်လေယာဉ်တွေကို မြင်ရစဉ်။ (သြဂုတ် ၉၊ ၂၀၁၅)

ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေအတွင်းမှာရှိတဲ့ IS အစ္စလာမစ် စစ်သွေးကြွတွေအပေါ် ညွန့်ပေါင်းတပ်ဖွဲ့တွေက လေကြောင်းတိုက်ခိုက်မှုတွေ
ပြုလုပ်နေတာနဲ့အတူ တူရကီလေကြောင်းပိုင်နက်အတွင်း အမေရိကန် F16 တိုက်လေယာဉ်တွေ ချထားလိုက်တယ်လို့ အမေရိကန် စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

IS ဆန့်ကျင်ရေးတိုက်ခိုက်ရေးအတွက် Incirlik လေတပ် အခြေစိုက်စခန်းကို ဖွင့်ပေးထားကြောင်း တူရကီအစိုးရက ပြီးခဲ့တဲ့လအတွင်း ကြေညာခဲ့ပါတယ်။
တချိန်တည်းမှာပဲ တူရကီလေတပ်ကလည်း IS စစ်သွေးကြွတွေနဲ့ ခွဲထွက်ရေးအုပ်စုPKK ကို လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေတာပါ။

အီတလီနိုင်ငံ Aviano လေတပ်အခြေစိုက်စခန်းကနေ အမေရိကန် F16 တိုက်လေယာဉ် ၆ စီးနဲ့ အမှုထမ်း ၃၀၀ ကို တူရကီအခြေစိုက်စခန်းကို ဖြန့်ချခဲ့တာ ဖြစ်တယ်လို့ Incirlik စခန်းရဲ့ ကြောညာချက်မှာ ဖော်ပြထားပါတယ်။

IS တွေအပေါ် လေကြောင်းကတိုက်ခိုက်မှုတွေကို ညလုံးပေါက် ဆက်လက်ပြုလုပ်ခဲ့ပြီး အမေရိကန် လေတပ်က အီရတ်နိုင်ငံအတွင်း တိုက်ခိုက်မှု ၁၆
ကြိမ်နဲ့ ဆီးရီးယားနိုင်ငံအတွင်းမှာ တိုက်ခိုက်မှု ၇ ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်တပ်တွေဟာ ပထမဦးဆုံးအနေနဲ့ တူရကီနိုင်ငံတွင်းကတဆင့် ဆီးရီးယားနိုင်ငံအတွင်း drone ယာဉ်နဲ့ တိုက်ခိုက်မှုတခုကို ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်ခဲ့တယ်လို့ ပင်တာဂွန် စစ်ဌာနချုပ်က ပြောပါတယ်။ အဲဒီနေ့မှာပဲ အမေရိကန်ရဲ့ drone ယာဉ်တွေနဲ့ စစ်လေယာဉ်တွေ တူရကီနိုင်ငံတောင်ပိုင်းကို
စတင် ဆိုက်ရောက်လာခဲ့တယ် လို့ ပြောပါတယ်။

တူရကီနယ်စပ်နားက ဆီးရီးယားထဲမှာရှိနေတဲ့ IS စစ်သွေးကြွတွေကို ရှင်းလင်းရေး စစ်ဆင်ရေး တခုကို တူရကီနဲ့ အမေရိကန်တို့ ပူးတွဲပြုလုပ်ကြဖို့ စီစဉ်နေကြပါတယ်။

XS
SM
MD
LG