သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ebola ကုသမှုခံယူဖို့ အမေရိကန်သတင်းထောက် ဌာနေပြန်ရောက်


Ebola ရောဂါကူးစက်မှုကို ဆေးကုသမှုခံယူဖို့ ပြန်ရောက်လာတဲ့ အမေရိကန်သတင်းထောက် Ashoka Mukpo ကို ဆေးကုသဖို့ ပြန်လည်ခေါ်ယူလာစဉ်။
Ebola ရောဂါကူးစက်မှုကို ဆေးကုသမှုခံယူဖို့ ပြန်ရောက်လာတဲ့ အမေရိကန်သတင်းထောက် Ashoka Mukpo ကို ဆေးကုသဖို့ ပြန်လည်ခေါ်ယူလာစဉ်။

အီဘိုလာရောဂါဖြစ်နေတဲ့ အမေရိကန် အလွတ် ဓာတ်ပုံသတင်းထောက်တဦး ဆေးဝါးကုသခံယူဖို့ အမေရိကန်ပြည်ထောင်စုကို ပြန်လည် ရောက်ရှိခဲ့ပါတယ်။

ဓာတ်ပုံသတင်းထောက် Ashoka Mukpo ဟာ အမေရိကန် အီဘိုလာဝေဒနာရှင် ငါးဦးမြောက်ဖြစ်ပါတယ်။ NBC သတင်းဌာနရဲ့ တာဝန်ပေးမှ

ကြောင့် လိုင်ဘေးရီးယားနိုင်ငံမှာ သွားရောက် သတင်းယူနေသူပါ။ အီဘိုလာရောဂါရှိနေတယ်လို့ သူ့ကို စမ်းသပ်တွေ့ရှိပြီးနောက် အထူးကျန်းမာရေး စောင့်ရှောက်မှုပစ္စည်းတွေ တပ်ဆင်ထားတဲ့လေယာဉ်နဲ့ အမေရိကန်ပြည်ထောင်စုကို သူ့ကို တင်ဆောင်လာခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုတဝန်း ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အ၀ အပေးနိုင်ဆုံး ဌာနလေးခုထဲက Nebraska ကျန်းမာရေးဌာနမှာ သူ့ကို အထူးသီးသန့်ထားရှိပြီး ဆေးဝါးကုသပေးနေပါတယ်။

လိုင်ဘေးရီးယားမှာ ပထမဆုံးကူးစက်ခံခဲ့ရတဲ့ အမေရိကန် ကျန်းမာရေးဝန်ထမ်းတဦးဖြစ်သူ Dr. Rick Sacra ကတော့ ရောဂါပျောက်ကင်း သက်သာသွားတာကြောင့် ပြီးခဲ့တဲ့လက Nebraska ကျန်းမာရေးဌာနဆေးရုံကနေ ဆင်းသွားခဲ့ပါတယ်။

XS
SM
MD
LG