သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားမှာ ဖမ်းခံထားရတဲ့ အမေရိကန်သတင်းထောက် ပြန်လွတ်


အမေရိကန်သတင်းထောက် Peter Theo Curtis (al Jazeera)
အမေရိကန်သတင်းထောက် Peter Theo Curtis (al Jazeera)

ဆီးရီးယားနိုင်ငံမှာ ၂၀၁၂ ခုနှစ်အတွင်းကဖမ်းဆီးခံခဲ့ရတဲ့ အမေရိနိုင်ငံသား သတင်းထောက်တယောက်ကို အစ္စလာမ်မစ်သူပုန်တွေက ပြန်လွှတ် ပေးလိုက်ပါတယ်။ တခြား အမေရိကန်နိုင်ငံသား သတင်းထောက်တဦးကို ခေါင်းဖြတ်သတ်ခဲ့ပြီး မကြာခင် ရက်ပိုင်းအတွင်း အခုလို လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

ပြန်ပေးဆွဲထားသူတွေက အမေရိကန်သတင်းထောက် Peter Theo Curtis ကို တနင်္ဂနွေနေ့မှာ ကုလသမဂ္ဂ ကိုယ်စားလှယ်ရဲ့လက်ကို လွှဲပြောင်း ပေးလိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ကို ပြန်လွှတ်ပေးလိုက်တဲ့အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

သူ့ကိုဖမ်းဆီးထားစဉ် ထွက်ပေါ်လာတဲ့ဗွီဒီယိုထဲမှာတော့ Curtis က သူဟာ အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ဒေသမှာရှိတဲ့ Massachusetts ပြည်နယ် Boston မြို့က သတင်းထောက်တယောက်ဖြစ်ကြောင်းနဲ့ သူ့ကို ကောင်းမွန်စွာထားကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာအခြေစိုက်တဲ့ သတင်းထောက်များ အကာကွယ်ပေးရေးကော်မတီ CPJ ကတော့ ဆီးရီးယားနိုင်ငံမှာ သတင်းထောက် စုစုပေါင်း ၂၀ ဝန်းကျင် ပျောက်ဆုံးခဲ့ပြီး အဲဒီအထဲမှာ Curtis ဟာ တယောက်အပါဝင်ဖြစ်တယ်လို့ ပြောပါတယ်။

Curtis ကို ပြန်လွှတ်ပေးခဲ့တဲ့အပေါ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ကြိုဆိုလိုက်ပြီး ဆီးရီးယားနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန် နိုင်ငံသား ဓားစားခံတွေ လွတ်မြောက်ရေးအတွက် စစ်ရေး၊ သံတမန်နည်းလမ်း၊ ထောက်လှမ်းရေး အဆက်အသွယ် စတဲ့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေပါတယ်လို့ ပြောဆိုပါတယ်။

XS
SM
MD
LG