သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ ကန်သတင်းထောက် ယီမင်ပြန်လွှတ်


ယီမင်မှာ ဖမ်းဆီးခံထားရတဲ့ ပြင်သစ်အမျိုးသမီးနဲ့ သူ့ရဲ့စကားပြန်ယီမင်နိုင်ငံသူတို့ ပိုစတာကို ကိုင်ဆောင်ပြီး သူတို့လွတ်မြောက်ရေး တောင်းဆိုနေသူများ။
ယီမင်မှာ ဖမ်းဆီးခံထားရတဲ့ ပြင်သစ်အမျိုးသမီးနဲ့ သူ့ရဲ့စကားပြန်ယီမင်နိုင်ငံသူတို့ ပိုစတာကို ကိုင်ဆောင်ပြီး သူတို့လွတ်မြောက်ရေး တောင်းဆိုနေသူများ။

ယီမင်နိုင်ငံမှာ အဖမ်းခံရထားရတဲ့ အမေရိကန်သတင်းထောက်တဦး ပြန်လွတ်လာပြီးဖြစ်ပေမဲ့ သူထိန်းသိမ်းခံခဲ့ရတဲ့ အသေးစိတ် အခြေအနေနဲ့ ပတ်သက်လို့ သဲကွဲစွာမသိရသေးပါဘူး။ ဒီအတောအတွင်း ယီမင်နိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေ လွတ်မြောက်ရေး အမေရိကန်အစိုးရက ကြိုးပမ်းသွားမယ်လို့ အလေးအနက်ပြောပါတယ်။

ဒီနှစ်အစောပိုင်းက သမ္မတကို ဖြုတ်ချခဲ့ပြီး မြို့တော်ကိုလည်း ဟူသီသူပုန်တို့က ဝိုင်းထားခဲ့ပြီးနောက် ယီမင်ကနေပြန်လွတ်လာတဲ့ အမေရိကန် သတင်းထောက်တွေအနက် Casey Coombs ဟာ နောက်ဆုံးသတင်းထောက် ဖြစ်တယ်လို့ ယုံကြည်ရတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

လူနာသယ်တဲ့ ထမ်းစင်ပေါ်ရောက်နေတဲ့ Combs ကို Oman နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Greta Holtz က နှုတ်ဆက်နေတဲ့ဓါတ်ပုံကို တနင်္လာနေ့က လူမှုကွန်ယက်အင်တာနက် စာမျက်နှာမှာ မြင်တွေ့ခဲ့ရပါတယ်။ Combs အနေနဲ့ အိုမန်မြို့တော် Muscat ကိုချောချောမောမောရောက်ရှိခဲ့ပြီး သူရဲ့အခြေအနေက ကောင်းမွန်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Marie Harf က ပြောပါတယ်။

XS
SM
MD
LG