သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Syria ရှိ ISIS အစွန်းရောက်အုပ်စုအပေါ် လေကြောင်းတိုက်ခိုက်မှု အမေရိကန်စတင်


ISIS လက်ချက်နဲ့ ပျက်စီးသွားတဲ့ ဆီးရီးယားနိုင်ငံ၊ Tall Maruf မြို့က ကာ့ဒ် ဗလီ။
ISIS လက်ချက်နဲ့ ပျက်စီးသွားတဲ့ ဆီးရီးယားနိုင်ငံ၊ Tall Maruf မြို့က ကာ့ဒ် ဗလီ။

ဆီးရီးယားနိုင်ငံတွင်းက IS စစ်သွေးကြွအဖွဲ့ရဲ့ပစ်မှတ်တွေကို အမေရိကန်က လေကြောင်းတိုက်ခိုက်ရာမှာ ဆီးရီးယားအနေနဲ့ ဝင်ရောက်မနှောင့်ယှက်ဖို့ အမေရိကန်ပြည်ထောင်စုက သတိပေးလိုက်ပါတယ်။

ဆီးရီးယား လေကြောင်းကာကွယ်ရေးစနစ်တွေ ဘယ်မှာရှိလဲဆိုတာကို အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ကောင်းကောင်း သိရှိထားတယ်လို့ အမေရိကန် အကြီးတန်းတာဝန်ရှိသူက တနင်္လာနေ့က ပြောပါတယ်။ အမေရိကန် လေယဉ်တွေကို ဆီးရီးယားက နှောင့်ယှက်ပစ်ခတ်လာမယ်ဆိုရင်တော့ အဲဒီ လေကြောင်းကာကွယ်ရေးစနစ်တွေ အန္တရာယ်ကျရောက်လိမ့်မယ်လို့ ဆီးရီးယားကို အမေရိကန်အကြီးတန်းတာဝန်ရှိသူတဦးက သတိပေး ပြောဆိုခဲ့တာပါ။

ဆီးရီးယားနိုင်ငံတွင်းက IS စစ်သွေးကြွ ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်ဖို့ အမေရိကန်သမ္မတအိုဘားမားက ခွင့်ပြုထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်လို့ ဘယ်တော့ တိုက်ခိုက်မှုတွေလုပ်မလဲဆိုတာကိုတော့ မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမယ့် ဆီးရီးယားနိုင်ငံတွင်း IS တွေကို နှိမ်နင်းရာမှာ ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆဒ်နဲ့တော့ တွဲပြီးတော့ မလုပ်နိုင်ဘူးလို့ သမ္မတအိုဘားမားက ပြောထားပါတယ်။

IS စစ်သွေးကြွတွေဟာ သမ္မတဘာရှား ပြုတ်ကျအောင် တိုက်ခိုက်နေကြသူတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လို့ ဆီးရီးယားသမ္မတအာဆဒ်ကို အမေရိကန်အနေနဲ့ ရာဇဝတ်သားအဖြစ်သာ သတ်မှတ်ထားပြီး နိုင်ငံခေါင်းဆောင်အဖြစ် သတ်မှတ်မှုမရှိပါဘူး။ တချိန်တည်းမှာတော့ IS ကို နှိမ်နင်းရာမှာ အီရတ်နိုင်ငံကို အကူအညီပေးဖို့ အမေရိကန်နဲ့အတူ နိုင်ငံပေါင်း ၃၀ လောက်က ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီးတော့ ကတိပြုထားကြပါတယ်။

XS
SM
MD
LG