မြောက်ကိုရီးယားက ဖမ်းဆီးထားတဲ့ ခရစ်ယာန်သာသနာပြု Kenneth Bae ကို ပြန်လွှတ်ပေးဖို့ ဆွေးနွေးရအောင် အမေရိကန်အစိုးရ ကိုယ်စားလှယ်ကို ဖိတ်ကြားပြီးမှ မြောက်ကိုရီးယားက ပြန်ရုပ်သိမ်းလိုက်တယ်လို့ အမေရိကန်ရာရှိတွေက ပြောပါတယ်။
မြောက်ကိုရီးယား လူ့အခွင့်အရေးကိစ္စရပ်များ ကျွမ်းကျင်သူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိ Robert King ဟာ မြောက်ကိုရီးယားကို မကြာခင်သွားရောက်ရဖို့ ဖြစ်ပါတယ်။ ဒီဖိတ်ကြားချက်ကို မြောက်ကိုရီးယားက တနင်္ဂနွေနေ့မှာပဲ ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ ဘာဖြစ်လို့ ဒီလို လုပ်တာလဲဆိုတာ ရှင်းရှင်းလင်းလင်းမရှိပါဘူး။ မကြာခင် ပြုလုပ်ဖို့ရှိတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကြောင့်ဖြစ်နိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဒါပေမယ့်လည်း နောက်ထပ်အမေရိကန် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကိုတော့ မြောက်ကိုရီးယားက လက်ခံပါတယ်။
မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖိတ်ကြားမှုနဲ့ တောင်ကိုရီးယား နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း Donald Gregg ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ Pyongyang မြို့တော်ကို ဒီကနေ့ပဲ ရောက်ရှိသွားပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေမှာ Pyongyang မြို့တော်ကိုသွားရောက်ဆွေးနွေးဖူးတဲ့ နောက်ထပ် အမေရိကန် သံတမန်ဟောင်း Lynn Turk ကတော့ သူတို့ဟာ ၂ နိုင်ငံကြား ဆက်ဆံရေး ပေါင်းကူးတံတား ဆောက်ပေးဖို့သွားတာလို့ ပြောပါတယ်။ ဒါပေမယ့် ၂ ယောက်လုံးက Kenneth Bae အကြောင်း ဘာမှပြောမသွားပါဘူး။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ မြောက်ကိုရီးယားအစိုးရနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အများဆုံးပြောဆိုနိုင်တဲ့ ဆွေးနွေးပွဲအတွက် ဒီသီတင်းပတ်ကုန်ပိုင်းမှာ တောင်ကိုရီးယားကို သွားရောက်မှာပါ။ တောင်ကိုရီးယားကလည်း အမေရိကန်နဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုတခုကို ဒီလနှောင်းပိုင်းမှာ ပြုလုပ်မယ်လို ဒီကနေ့ တနင်္လာနေ့မှာပဲ ကြေညာသွားတာပါ။
အဲဒီ စစ်ရေးလေ့ကျင့်မှုကြောင့် ၁၉၅၀ ကိုရီးယားစစ်ပွဲက စလို့ ကွဲကွာနေကြတဲ့ မိသားစု ပြန်လည်ဆုံစည်းရေး အစီအစဉ်လုပ်ထားတာကို ထိခိုက်နိုင်ပါတယ်။