သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ပိုင် အိုကီနာဝါကျွန်းမြေအချို့ ဂျပန်ကို ပြန်လွဲှအပ်


အမေရိကန်ပိုင် အိုကီနာဝါကျွန်းမြေအချို့ ဂျပန်ကို ပြန်လွဲှအပ်သည့်အခန်းအနား
အမေရိကန်ပိုင် အိုကီနာဝါကျွန်းမြေအချို့ ဂျပန်ကို ပြန်လွဲှအပ်သည့်အခန်းအနား

ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းက မြေဧရိယာ ဧက ၉ ထောင်ကျော်ကို အမေရိကန်က ဂျပန်လက်ထဲ ဒီကနေ့ အခမ်းအနားနဲ့ ပြန်လွှဲ ပေးလိုက်ပါတယ်။

အိုကီနာဝါကျွန်းမှာလုပ်တဲ့ အခမ်းအနားကို ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Yoshihide Suga, ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးCaroline Kennedy, ဂျပန်နိုင်ငံက အမေရိကန်တပ်ဖွဲ့တွေရဲ့တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး Jerry P. Martinez တို့ တက်ရောက်ပါတယ်။

အခု ပြန်လွှဲပေးတဲ့ မြေဧရိယာဟာ ၁၉၇၂ ခုနှစ်ကတည်းကဆိုရင် အမေရိကန်တပ်ဖွဲ့တွေက ဂျပန်ကို ပြန်လွှဲပေးတဲ့ အကျယ်ဆုံး မြေဧရိယာဖြစ်ပါတယ်။ ဒီမြေထိန်းချုပ်မှုကို ပြန်လွှဲပေးမယ့် ကနဦးအစီအစဉ်ကို အမေရိကန်ကာကွယ်ရေးဝန်ကြီး Ash Carter က ဒီလအစောပိုင်းမှာ ကြေညာထားတာပါ။ အဲဒီမြေကို အမေရိကန် မရိန်းတပ်ဖွဲ့က တောတွင်းစစ်ပွဲဆိုင်ရာ လေ့ကျင့်ရေးနေရာအဖြစ် အသုံးပြုခဲ့တာဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ကတည်းက အိုကီနာဝါကျွန်းမှာ အမေရိကန်တပ်ဖွဲ့တွေ ရှိနေတာပါ။ အဲဒီတနေရာထဲမှာတင် ဂျပန်တနိုင်ငံလုံးက အမေရိကန်တပ်ဖွဲ့ဝင် ၅ သောင်းထဲက ထက်ဝက်ကျော် ရှိနေပါတယ်။

အမေရိကန်ပိုင် အိုကီနာဝါကျွန်းမြေအချို့ ဂျပန်ကို ပြန်လွဲှအပ်
please wait

No media source currently available

0:00 0:00:48 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG