သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာဖလား ဒုတိယအဆင့်တက်ဖို့ အမေရိကန် အလားအလာကောင်း


Jermaine Jones ၊ နံပါတ် ၁၁ -Alejandro Bedoya နဲ့ Matt Besler နံပါတ် ၅ နဲ့ DaMarcus Beasley တို့ အောင်ပွဲခံနေကြစဉ်။ (ဂျွန် ၂၂၊ ၂၀၁၄)
Jermaine Jones ၊ နံပါတ် ၁၁ -Alejandro Bedoya နဲ့ Matt Besler နံပါတ် ၅ နဲ့ DaMarcus Beasley တို့ အောင်ပွဲခံနေကြစဉ်။ (ဂျွန် ၂၂၊ ၂၀၁၄)
ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဘောလုံးပွဲတွေကို တနင်္ဂနွေနေ့က ဆက်လက်ကျင်းပရာမှာ Rio de Janeiro မှာ ပြုလုပ်တဲ့ ဘယ်လ်ဂျီယံနဲ့ ရုရှားပွဲစဉ်မှာ ဘယ်လ်ဂျီယံအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပြီး Porto Alegre မှာ ပြုလုပ်တဲ့ တောင်ကိုရီးယားနဲ့ Algeria ပွဲစဉ်မှာတော့ Algeria အသင်းက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ဘယ်လ်ဂျီယံတိုက်စစ်မှူး Divock Origi က ပွဲပြီးခါနီး ၈၈ မိနစ်အကြာမှာ ဘယ်လ်ဂျီယံအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းပေးလိုက်တာကြောင့် အုပ်စု H ကနေ ဒုတိယအဆင့်ကို တက်သွားပြီး ဖြစ်ပါတယ်။

အုပ်စု H က ကစားတဲ့ ဒုတိယပွဲစဉ်မှာတော့ Algeria အသင်းက အာဖရိအသင်း တစ်သင်းအနေနဲ့ ကမ္ဘာ့ဖလားမှာ ပထမဆုံး ၄ ဂိုးသွင်းပြီး တောင်ကိုရီးယားကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အုပ်စု နောက်ဆုံးပွဲစဉ်မှာ Algeria အသင်းက ရုရှားအသင်းကို အနိုင်ရမယ် ဆိုရင်တော့ ဒုတိယအဆင့်ကို တက်နိုင်မှာ ဖြစ်ပါတယ်။

ရုရှားအသင်းဟာ အုပ်စု H မှာ ၁ မှတ်ပဲရထားပြီး Algeria အသင်းနဲ့ ကြာသပတေးနေ့မှာ ကစားရမှာ ဖြစ်ပါတယ်။ တကယ်လို့ ရုရှားက အဲဒီပွဲမှာ အနိုင်ရမယ်ဆိုရင်တော့ ဒုတိယအဆင့်ကို တက်ဖို့ အလားအလာ ရှိနေပါသေးတယ်။

အုပ်စု G က အမေရိကန်နဲ့ ပေါ်တူဂီအသင်းတို့ တနင်္ဂနွေနေ့ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် အခု အသံလွှင့်နေတဲ့အချိန်မှာ ကစားကြတာမှာ ၂ ဂိုးစီ သရေဖြစ်သွားပါတယ်။ ဒုတိယပိုင်း စတဲ့အချိန်ထိ ပေါ်တူဂီအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ရာက အမေရိကန်အသင်းက ၂ ဂိုး ဆက်တိုက်သွင်းပြီး ပြန်ဦးဆောင်ခဲ့တာပါ။ ဒါပေမယ့် ပွဲပြီးခါနီး စက္ကန့်ပိုင်းအလို ဒဏ်ရာရ အချိန်ပိုအတွင်း ပေါ်တူဂီအသင်းက ၁ ဂိုး ထပ်သွင်းလိုက်တဲ့အတွက် ၂ ဂိုး သရေဖြစ်သွားခဲ့တာပါ။
XS
SM
MD
LG