ဆီးရီးယားနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်တွေကို တိုက်ခိုက်နေတဲ့ သမ္မတ အာဆဒ်ရဲ့ တပ်တွေက ဓာတုဗေဒလက်နက် တွေကို အသုံးပြုမယ်ဆိုရင် အဲဒီ ဆီးရီးယားပဋိပက္ခအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ တုန့်ပြန်ပုံဟာ လုံး၀ ပြောင်းလဲသွားလိမ့်မယ်လို့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားက သတိပေးလိုက်ပါတယ်။
အဲဒီလက်နက်တွေကို အသုံးပြုဖို့ ဆီးရီးယားတပ်ဖွဲ့တွေရဲ့ ဘယ်လိုလုပ်ရပ်မျိုးမဆိုဟာ သမ္မတ အိုဘားမားရဲ့ အဆိုအားဖြင့် စည်းနီ တခုဖြစ်ပြီး အခြေအနေအပေါ် ရွေးချယ်မှုကို ပြောင်းလဲသွားစေ လိမ့်မယ်လို့ တနင်္လာနေ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ အိုဘားမားက ပြောသွားပါတယ်။
ဆီးရီးယားမှာ အမေရိကန်စစ်ဘက်ရဲ့ ဘယ်လို ဝင်ရောက်စွက်ဖက်မှုမျိုး အတွက်ကို မှ ဒီအခြေအနေမှာ သူ အမိန့်မပေးရသေးဘူးလို့ သမ္မတ အိုဘားမားက ပြောပါတယ်။ ဒါပေမဲ့လည်း အမေရိကန်ဟာ အခြေအနေကို အင်မတန် သတိထားပြီး စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂရဲ့ လေ့လာစောင့်ကြည့်ရေးအဖွဲ့တဖွဲ့ကတော့ ဘယ်တုန်းကမှ မဖြစ်ခဲ့တဲ့ အပစ်ရပ် သဘောတူညီချက်ကို စောင့်ကြည့် လေ့လာရေးလုပ်ငန်း သက်တမ်းကုန်ဆုံးသွားပြီးတဲ့နောက် တနင်္လာနေ့က ဆီးရီးယားနိုင်ငံ ဒမတ်စ်ကပ်စ်မြို့တော်ကနေ ပြန်လည် ထွက်ခွာသွားပြီဖြစ်ပါတယ်။