သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းထူထောင်ရေး အကူအညီပေးဖို့ အမေရိကန်ကမ်းလှမ်း


ယူကရိန်းဝန်ကြီးချုပ်ဟောင်းနဲ့ အတိုက်အခံ မစ္စ် Yulia Tymoshenko (လယ်)၊ အမေရိကန်သံအမတ် Geoffrey R. Pyatt (ဝဲ) နဲ့ ယူကရိန်းဆိုင်ရာ EU သံအမတ် Jan Tombinski (ယာ)
ယူကရိန်းဝန်ကြီးချုပ်ဟောင်းနဲ့ အတိုက်အခံ မစ္စ် Yulia Tymoshenko (လယ်)၊ အမေရိကန်သံအမတ် Geoffrey R. Pyatt (ဝဲ) နဲ့ ယူကရိန်းဆိုင်ရာ EU သံအမတ် Jan Tombinski (ယာ)
ယူကရိန်းနိုင်ငံမှာ ဒီမိုကရေစီထွန်းကားစေဖို့ နဲ့ ပျက်စီးယိုယွင်းနေတဲ့ နိုင်ငံ့စီးပွားရေးပြန်လည် တည်ဆောက်ဖို့အတွက် အမေရိကန် ပြည်ထောင်စုက ရုရှားနဲ့ တခြားနိုင်ငံတွေနဲ့အတူ လက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ပဲလို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Jack Lew က ပြောကြားလိုက်ပါတယ်။

ယူကရိန်းမှာ စနေနေ့က သမ္မတ ဗစ်တာယာနူကိုဗစ်ချ် (Viktor Yanukovych) ပြုတ်ကျသွားပြီး အတိုက်အခံခေါင်းဆောင် အရင် ဝန်ကြီးချုပ်ဟောင်း ယူလီယာ တမိုရှန်ကို (Yulia Tymoshenko) အကျဉ်းကျနေရာက ပြန်လည် လွတ်မြောက်လာခဲ့တဲ့ နောက် ယူကရိန်းအခြေနေတွေကို ရုရှားဘဏ္ဍာရေး ဝန်ကြီး Anton Siluanov နဲ့ ဝန်ကြီး Jack Lew တို့ ဆွေးနွေးခဲ့ကြပါတယ်။ သူတို့ ၂ ဦး ဟာ Australia နိုင်ငံ Sydney မှာ ကျင်းပတဲ့ အင်အားကြီး နိုင်ငံ ၂၀ ထိပ်သီးဆွေးနွေးပွဲမှာ သီးသန့်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုက ယူကရိန်းနိုင်ငံရဲ့ စနေနေ့ နိုင်ငံရေး နောက်ဆုံးအခြေနေ တိုးတက်လာမှုအတွက် ကြိုဆိုလိုက်ပြီး မစ္စ တမိုရှန်ကို အကျဉ်းထောင်က လွတ်မြောက်လာတာအတွက် တကယ့်ကို ကျေနပ်ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်အရာရှိတွေ အနေနဲ့ ယူကရိန်းနိုင်ငံမှာ အဖွဲ့အစည်း ဘက်အားလုံးက အကြမ်းဘက်မှုတွေကို ရပ်ဆိုင်းကြဖို့ ဆက်လက်တောင်းဆို နေတယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူက ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုအနေနဲ့ မိတ်ဆွေနိုင်ငံတွေ၊ ရုရှားနဲ့ ဥရောပနိုင်ငံတွေ အပြင် နိုင်ငံတကာအဖွဲ့အစည်းတွေ နဲ့ အတူ လက်တွဲပြီး ယူကရိန်းနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေး ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာစေဖို့ ဦးတည်ဆောင်ရွက်မှာဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
XS
SM
MD
LG