သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းအကြီးအကဲမိန့်ခွန်း ကန် ရှုတ်ချ


ပါလက်စတိုင်းသမ္မတ Mahmoud Abbas
ပါလက်စတိုင်းသမ္မတ Mahmoud Abbas

ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်စ် - ကုလသမဂ္ဂမှာ သောကြာနေ့က ပြောသွားတဲ့မိန့်ခွန်းကို အမေရိကန်ကပယ်ချပြီး အဲဒီမိန့်ခွန်းမှာ သူများအပေါ် ရန်စတဲ့ သဘောမျိုးတွေ ပါဝင်တယ်လို့ ပြောပါတယ်။

ပါလက်စတိုင်းနယ်မြေတွေမှာ ဝင်ရောက်နေရာယူထားတာတွေကို အစ္စရေးက စွန့်ခွာပေးဖို့ တိကျတဲ့အချိန် သတ်မှတ်ပေးပါလို့ မစ္စတာအာဘတ်စ်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ တောင်းဆိုသွားခဲ့တာပါ။ ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်းရဲ့ ဟားမတ်စ်စစ်သွေးကြွအဖွဲ့နဲ့ တလောက ဖြစ်ခဲ့တဲ့ ပဋိပက္ခအတွင်း အစ္စရေးက စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ သူက စွပ်စွဲပါတယ်။

အဲဒီလိုမျိုး ရန်စတဲ့ပြောကြားမှုမျိုးဟာ အကျိုးမဖြစ်ထွန်းဘဲနဲ့ ဆိုးကျိုးကိုပဲဖြစ်စေတယ်၊ နှစ်ဘက်ကြားမှာ ယုံကြည်မှုပြန်ပြီးတော့ တည်ဆောက်ဖို့ ကြိုးပမ်းမှုတွေကို အနှောင့်အယှက်ဖြစ်စေတယ်လို့ အမေရိကန် ပြောရေးဆိုခွင့်ရှိသူ ဒန်-ဆန်ကီ က ပြောသွားခဲ့ပါတယ်။

မစ္စတာ အာဘတ်စ်ကတော့ အစ္စရေးတို့ဆုတ်ခွာဖို့ အချိန်သတ်မှတ်ပေးဖို့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကျအောင်လုပ်မယ်လို့ ပြောပါတယ်။ အဲဒီ အချိန်သတ်မှတ်ချက်ဆိုတာဟာ ၃ နှစ်တာကာလ ပေးမှာကို ပြောတာလို့ မစ္စတာအာဘတ်စ်ရဲ့လက်ထောက်တွေက ပြောပါတယ်။

အစ္စရေးကတော့ နှစ်ဘက်ပြေလည်အောင် အဖြေရှာဖို့ဆိုတာကို လက်ခံပေမယ့်လည်း အနာဂတ် ပါလက်စတိုင်းနိုင်ငံအတွက် နယ်မြေသတ်မှတ်ရေးမှာ နှစ်ဘက် ကိုယ်စားလှယ်တွေ ညှိနှိုင်းမရ ဖြစ်နေကြတာပါ။

XS
SM
MD
LG