သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-ဆော်ဒီ ဆက်ဆံရေးခိုင်မာ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry (ဝဲ) Saud al-Faisal, in (နိုဝင်ဘာ ၄၊ ၂၀၁၃)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry (ဝဲ) Saud al-Faisal, in (နိုဝင်ဘာ ၄၊ ၂၀၁၃)
ဆီးရီးယားနိုင်ငံတွင်းအခြေအနေတွေနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုနဲ့ ဆော်ဒီအာရေဗျနိုင်ငံကြားမှာ သဘောတူညီမှုတွေ ရခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။ ဆော်ဒီနဲ့အမေရိကန်ကြား ဆက်ဆံရေးဟာ မဟာဗျူဟာကျပြီး ကြာရှည်ခံမယ့် ဆက်ဆံရေးမျိုး ဖြစ်တယ်လို့လည်း မစ္စတာကယ်ရီက ပြောခဲ့ပါတယ်။

မစ္စတာကယ်ရီအနေနဲ့ ဆော်ဒီ မင်းသား Saud - ဆော်ဒီဘုရင် Abdullah တိုနဲ့ ဆွေးနွေးပြီးနောက် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသား Saud al-Faisal နဲ့ တနင်္လာနေ့မှာ ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် အခုလို မှတ်ချက် ပေးခဲ့တာပါ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ အခု ဆော်ဒီနိုင်ငံကို အလည်အပတ်ရောက်နေတာဖြစ်ပါတယ်။

ဆီးရီးယားမှာဖြစ်တဲ့ ပြည်တွင်းစစ်နဲ့ အီရန်နျူကလီယား အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့အပေါ် သဘော ကွဲလွဲမှုတွေကြောင့် အမေရိကန်နဲ့ ဆော်ဒီအကြားမှာ သံတမန်ဆက်ဆံရေးမှာ မပြေမပြစ်တာတွေ ရှိခဲ့ပုံရပါတယ်။ နည်းနာပိုင်းမှာ ကွဲလွဲမှုတွေ ရှိပေမယ့်လည်း အမေရိကန်နဲ့ ဆော်ဒီ နှစ်နိုင်ငံအကြားမှာ ဆီးရီးယားနဲ့ပတ်သက်လို့ ရည်မှန်းချက် တူညီပါတယ် လို့ ဆော်ဒီ နိုင်ငံခြားရေး ဝန်ကြီးက သတင်းထောက်တွေကို ပြောပါတယ်။

ဒါပေမယ့်လည်း မိတ်ဆွေနိုင်ငံတွေအကြား အမှန်တကယ်ဆက်ဆံရေးဆိုတာဟာ ပျူငှာတဲ့ သံခင်းတမန်ခင်းထက်စာရင် ပြတ်ပြတ်သားသား ရိုးသားပွင့်လင်းမှုတွေ အပေါ် အခြေခံရမယ်လို့ ပြောသွားပါတယ်။
XS
SM
MD
LG