သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မြို့ကြီးတွေ လုံခြုံရေးတိုးမြှင့်


အမိမြေလုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး Jeh Johnson
အမိမြေလုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး Jeh Johnson

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်နဲ့ တခြားမြို့ကြီးတွေက အစိုးရအဆောက်အဦးတွေမှာ လုံခြုံရေး ပိုပြီးတင်းကျပ်ဖို့ အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး Jeh Johnson က ညွှန်ကြားထားပါတယ်။ ခြိမ်းခြောက်မှုတခုခု ဘာဆိုတာကို Johnson က အင်္ဂါနေ့မှာ တိတိကျကျ ပြောမသွားဘဲ လုံခြုံရေးတိုးမြှင့်တာတွေကို တနေရာပြီးတနေရာ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

အမေရိကန် လုံခြုံရေးဝန်ထမ်းတွေနဲ့ တခြား အစိုးရတာဝန်ရှိသူတွေအပါအဝင် အမေရိကန်ပြည်ထောင်စုတွင်းနဲ့ တခြားနေရာတွေမှာ တိုက်ခိုက်ဖို့ အကြမ်းဖက်အဖွဲ့တွေက လှုံ့ဆော်ထားပါတယ်။

ကနေဒါနိုင်ငံမှာ လွန်ခဲ့တဲ့သီတင်းပတ်ကဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုနှစ်ခုအပါအဝင် ကမ္ဘာတဝန်း အခြေအနေတွေကြောင့် အမေရိကန် အစိုးရ အဆောက်အဦးတွေကို ကာကွယ်ရေး ပိုပြီး သတိရှိရှိလုပ်ဆောင်တာဖြစ်တယ်လို့ Johnson ကပြောပါတယ်။

တဦးတည်းလုပ်တဲ့ အကြမ်းဖက်သမားတွေလို့ ဆိုသူတွေက တိုက်ခိုက်လာနိုင်ခြေအပေါ် စိုးရိမ်တဲ့အကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောထား ဖူးပါတယ်။ အဲဒီလူတွေဟာ အစွန်းရောက်အယူအဆတွေရဲ့ လွှမ်းမိုးမှုခံထားရသူတွေဖြစ်ပေမယ့် သိထားပြီးသား အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက် အဆက်အစပ်ရှိသူတွေတော့ မဟုတ်ပါဘူး။

XS
SM
MD
LG