သုံးရလွယ်ကူစေသည့် Link များ

ISIS အစွန်းရောက်အပေါ်အမေရိကန်နဲ့ ဆော်ဒီ လေကြောင်းတိုက်ခိုက်မှု တိုး


တူရကီနိုင်ငံအတွင်းက ကာ့ဒ်လူမျိုးတွေ IS အစွန်းရောက်တွေက ဆီးရီးယား၊ ကိုဘန်နီမြို့ တိုက်ခိုက်မှုကို ဆန့်ကျင်ကန့်ကွက်မှု။
တူရကီနိုင်ငံအတွင်းက ကာ့ဒ်လူမျိုးတွေ IS အစွန်းရောက်တွေက ဆီးရီးယား၊ ကိုဘန်နီမြို့ တိုက်ခိုက်မှုကို ဆန့်ကျင်ကန့်ကွက်မှု။

ဆီးရီးယားနယ်စပ် ကိုဘာနီမြို့ အနီးမှာရှိတဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ပစ်မှတ်တွေကို တနင်္လာနေ့မှာ အမေရိကန်နဲ့ ဆော်ဒီအာရေးဘီးယား နိုင်ငံတွေက လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ မြေပြင်မှာလည်း ကားဒစ်ရှ် တိုက်ခိုက်ရေးသမားတွေနဲ့ စစ်သွေးကြွတွေဟာ မြို့ကိုထိန်းချုပ်နိုင်ဖို့အတွက် အပြင်းအထန် တိုက်ခိုက်နေပါတယ်။

ကိုဘာနီမြို့ရဲ့ကောင်းကင်မှာ မီးခိုးလုံးကြီးတွေ တက်နေတာကို တူရကီနယ်စပ်ကနေ တွေ့မြင်နေရပါတယ်။ စစ်သွေးကြွတိုက်ခိုက်ရေးသမားတွေဟာ မြို့ကိုသုံးဖက်ကနေ ဝိုင်းရံပြီး တိုက်ခိုက်နေကြတယ်လို့ ကိုဘာနီမြို့က တာဝန်ရှိသူတယောက်ကပြောပါတယ်။

မြောက်ဖက်အကျဆုံးနေရာဟာ တူရကီနယ်စပ်နဲ့ အနီးဆုံးနေရာမှာ ရှိပြီး စစ်သွေးကြွတွေကသာ ဝိုင်းလိုက်မယ်ဆိုရင် မြို့နဲ့ အဆက်အသွယ် ပြတ်တောက် သွားလိမ့်မယ်ဆိုပြီး စိုးရိမ်တကြီး ပြောဆိုနေကြပါတယ်။

အမေရိကန်နဲ့ ဆော်ဒီအာရေးဘီးယား တိုက်လေယာဉ်တွေဟာ ကိုဘာနီမြို့ရဲ့ အနောက်တောင်ဖက်ခြမ်းကို လေးကြိမ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး၊ IS တပ်တွေကို ထိမှန်ခဲ့ကြောင်း လက်နက်ကြီးတွေ ပစ်ခတ်နေတဲ့ နေရာတွေကို ဖျက်ဆီးပစ် ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နောက်ထပ်တခြား တိုက်ခိုက်မှု ၃ ခုပြုလုပ်ခဲ့ရာမှာ ခိုဘာနီမြို့ရဲ့ အရှေ့မြောက်ဖက်မှာရှိတဲ့ IS တွေရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီထဲမှာ ဂျီဟတ်တွေ ထိန်းချုပ်ထားတဲ့ အဆောက်အဦ ၂ ခုလည်းပါဝင်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG