သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုံးကျည်စမ်းတဲ့ အီရန် ကန်အရေးယူမည်


အီရိန်သမ္မတ Hassan Rouhani
အီရိန်သမ္မတ Hassan Rouhani

ဒီတပတ်အစောပိုင်းမှာ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်စမ်းသပ်ခဲ့မှုအတွက် အီရန်ကို လာမယ့်ရက်တွေအတွင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သင့်တော်တဲ့ နည်းလမ်းနဲ့ အရေးယူနိုင်ဖို့ အမေရိကန်ပြည်ထောင်စုက ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

အီရန်နိုင်ငံက ဒုံးကျည်ပစ်လွှတ်မှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လေ့လာစစ်ဆေးခဲ့ရာမှာ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာရောက်တာကို တွေ့ရတဲ့အကြောာင်း အမေရိကန် သံအမတ်ကြီး Samantha Power က ဗွီအိုအေကို သောကြာနေ့မှာ ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် ဒီကိစ္စကို လုံခြုံရေးကောင်စီမှာ တင်ပြပြီး သင့်တော်တဲ့ အရေးယူမှုတွေလုပ်ဆောင်ဖို့ ဖိအားပေးသွားမှာဖြစ်သလို၊ ၂ နိုင်ငံကြား လုပ်ဆောင်လို့ ရမယ့် နည်းလမ်းတွေကို ရှာဖွေသွားမယ်လို့လည်း သံအမတ်ကြီးက ပြောဆိုသွားခဲ့ပါတယ်။

အီရန်ရဲ့ ဒုံးကျည်ပစ်လွှတ်မှုဟာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်မှုရှိမရှိ အမေရိကန်က လေ့လာစုံစမ်းမယ့်အကြောင်း သံအမတ်ကြီး Power က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုခဲ့ပါတယ်။

အောက်တိုဘာလ ၁၀ ရက်နေ့က နျူကလီယားဒုံးကျည်ထိပ်ဖူး တပ်ဆင်နိုင်တဲ့ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့မှုဟာ ဒီလိုလုပ်ရပ်တွေကို တားမြစ်ဖို့ လွန်ခဲ့တဲ့ ၅ နှစ်က ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၉၂၉ ကို ချိုးဖောက်တယ်ဆိုတာ ထင်ရှားတယ်လို့လည်း ပြောဆိုခဲ့တာပါ။ ဒါကြောင့် လုံခြုံရေးကောင်စီရဲ့ အီရန်အပေါ် အရေးယူဒဏ်ခတ်ရေးကော်မတီကို ဒီကိစ္စ တင်ပြဖို့ အစီရင်ခံစာတစောင် အမေရိကန်က ပြင်ဆင်နေပြီး အဖွဲ့ဝင်နိုင်ငံတွေနဲ့ တိုက်ရိုက် ဆွေးနွေးသွားမှာဖြစ်တယ်လို့လည်း သံအမတ်ကြီးက ပြောဆိုသွားခဲ့ပါတယ်။

XS
SM
MD
LG