သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်းလှည့်သင်္ဘော ဝယ်ယူရေး ဗီယက်နမ်ကို ဒေါ်လာ ၁၈ သန်းကူမည်


အမေရိကန်ကာကွယ်ရေးဝန်ကြီး Ashton Carter
အမေရိကန်ကာကွယ်ရေးဝန်ကြီး Ashton Carter

ဗီယက်နမ်နိုင်ငံရဲ့ ရေတပ်ကာကွယ်ရေးစွမ်းရည် ပိုမိုတိုးတက်ကောင်းမွန်လာရေးအတွက် အမေရိကန်လုပ် ကမ်းခြေစောင့်တပ်ဖွဲ့ ကင်းလှည့်ရေယာဉ်တွေ ဝယ်ယူနိုင်ရေးဒေါ်လာ (၁၈)သန်းကူညီမယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Ashton Carter ကပြောဆိုလိုက်ပါတယ်။

နှစ်နိုင်ငံစစ်ရေးဆက်ဆံရေးမြှင့်တင်ဖို့ ဝန်ကြီး ကာတာဟာ ဗီယက်နမ်ကွန်မြူနစ်နိုင်ငံကို ရောက်နေတာပါ။ ခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး တိုးချဲ့လုပ်ဆောင်မယ့်ရည်ရွယ်ချက်အစီအစဉ်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီးနဲ့ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး နှစ်ဦး သဘောတူလက်မှတ် ရေးထိုးခဲ့ကြပါတယ်။ ဒီသဘောတူညီချက်မှာ ဗီယက်နမ်နိုင်ငံအနေနဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေးအစီစဉ်မှာ ပါဝင်နိုင်ဖို့ အမေရိကန်က အကူအညီပေးရေး ပါဝင်ပါတယ်။

ဗီယက်နမ်ရေတပ်အခြေစိုက်တဲ့ Haiphong မှာ မနှစ်က တောင်တရုတ်ပင်လယ်ထဲ ဗီယက်နမ်က သူတို့ရေပိုင်နက်လို့ပြောထားတဲ့ နေရာမှာ တရုတ်နဲ့ ထိပ်တိုက်တွေ့ခဲ့ပြီးနောက် တရုတ်သင်္ဘောရဲ့ပစ်ခတ်မှုကြောင့် ပျက်စီးခဲ့ရတဲ့ ဗီယက်နမ်ကင်းလှည့်ရေယာဉ်ကို ဝန်ကြီးကာတာ သွားရောက် ကြည့်ရှုခဲ့ပါတယ်။

သူရဲ့ (၁၁) ရက်ကြာ အာရှပစိဖိတ်ဒေသ ခရီးစဉ်အတွင်းမှာ တောင်တရုတ်ပင်လယ်ထဲ ပိုင်နက်အငြင်းပွားနေတဲ့နိုင်ငံတွေအားလုံးအနေနဲ့ ကျွန်းတွေကို မြေဖို့ချဲ့ထွင်နေတဲ့လုပ်ရပ်ကို ရပ်တန့်ဖို့ ဝန်ကြီးကာတာကတိုက်တွန်းခဲ့ပါတယ်။ ဒါအပြင် စစ်ရေးပြုမှုဆောင်ရွက်တာတွေ၊ တင်းမာမှုကိုဖန်တီးတာတွေကို အမေရိကန်က ဆန့်ကျင်ကြောင်း သူကပြောသွားပါတယ်။

တောင်တရုတ်ပင်လယ်ထဲမှာ ကျွန်းတွေကို မြေဖို့ဆောက်လုပ်နေတဲ့ နိုင်ငံတွေထဲမှာ ဗီယက်နမ်နိုင်ငံလည်းပါဝင်ပါတယ်။ တရုတ်နိုင်ငံရဲ့ ကျွန်းတည်ဆောက်ရေး ကြီးမားတဲ့စီမံကိန်းတွေကြောင့် ဒေသတွင်း တင်းမာမှုတွေနဲ့ စစ်ရေးအရစိုးရိမ်မကင်းဖြစ်မှုတွေကို ပိုပြီးတိုးလာစေပါတယ်။

XS
SM
MD
LG