သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားဖမ်းခဲ့တဲ့ အမေရိကန်အကျဉ်းသား နှစ်ဦး ပြန်ရောက်


မြောက်ကိုရီးယားက ပြန်လွှတ်ပေးခဲ့တဲ့ အမေရိကန်နိုင်ငံသား Kenneth Bae(ယာ) နဲ့ Matthew Todd Miller
မြောက်ကိုရီးယားက ပြန်လွှတ်ပေးခဲ့တဲ့ အမေရိကန်နိုင်ငံသား Kenneth Bae(ယာ) နဲ့ Matthew Todd Miller

မြောက်ကိုရီးယားနိုင်ငံက ဖမ်းဆီးထားခဲ့တဲ့ အမေရိကန်နိုင်ငံသားနှစ်ယောက်ဟာ ဒေသစံတော်ချိန် စနေနေ့ညပိုင်းက အမေရိကန်ကိုဘေးကင်းလုံခြုံစွာ ပြန်ရောက်လာကြပါတယ်။ သူတို့လွတ်မြောက်အောင် ကြိုးပမ်းပေးခဲ့တဲ့ အမေရိကန် အမျိုးသားထောက်လှမ်းရေးအကြီးအကဲ James Clapper နဲ့အတူ Kenneth Bae နဲ့ Matthew Todd Miller တို့ဟာ ဝါရှင်တန်ပြည်နယ်က Lweis-McChord အမေရိကန်စစ်စခန်းကို ပြန်ရောက်လာကြပါတယ်။

အဲဒီစစ်စခန်းမှာ Kenneth Bae နဲ့ သူ့မိသားစုဝင်တွေ တွေ့ဆုံခဲ့ကြပြီး အခုလို သူ့သားပြန်လွတ်လာတာကို မယုံနိုင်လောက်အောင် ဝမ်းသာရကြောင်း Bae ရဲ့ မိခင်က ဗွီအိုအေကို ပြောပါတယ်။

စစ်အခြေစိုက်စခန်းတွင်းက သတင်းစာရှင်းလင်းပွဲအတွင်း မိသားစုနဲ့အတူ တွေ့ရတဲ့ သာသာနာပြု Kenneth Bae
စစ်အခြေစိုက်စခန်းတွင်းက သတင်းစာရှင်းလင်းပွဲအတွင်း မိသားစုနဲ့အတူ တွေ့ရတဲ့ သာသာနာပြု Kenneth Bae

သူ့ကိုမမေ့ဘဲ အခုလို လွတ်မြောက်လာအောင် ကြိုးပမ်းပေးလို့ အားလုံးကိုကျေးဇူးတင်တဲ့အကြောင်း ကိုရီးယား-အမေရိကန်သာသနာပြု Bae က စစ်အခြေစိုက်စခန်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။

နိုင်ငံခြား ခရီးသည်အဖွဲ့ကို ခေါင်းဆောင်ခရီးသွားနေတဲ့ Kenneth Bae ကို အစိုးရဆန့်ကျင်လှုပ်ရှားမှု စွဲချက်နဲ့ ၂၀၁၂ ခုနှစ်ကတည်းက ဖမ်းဆီးထားခဲ့တာပါ။ အကျဉ်းသားဟောင်းဖြစ်တဲ့ Miller ကိုလည်း သူ့မိသားစုက တွေ့ဆုံခဲ့ပါတယ်။ သူ့ရဲ့ ကမ္ဘာလှည့်ခရီးသွား ပြည်ဝင်ခွင့်ဗီဇာကို ဆုတ်ဖြဲပြီး ခိုလှုံခွ့်တောင်းခံခဲ့တဲ့ ဧပြီလကကတည်းက သူ့ကိုဖမ်းထားခဲ့တာပါ။

သူတို့ဟာ မြောက်ကိုရီးယားက ဖမ်းဆီးထားခဲ့တဲ့ အမေရိကန်နိုင်ငံသားတွေထဲက ၂ ဦးဖြစ်ပြီး သူတို့နှစ်ယောက်ကိုဖမ်းထားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအတွက် နိုင်ငံတကာအသိုင်းအဝန်းက မြေက်ကိုရီးယားကို ဝေဖန်ခဲ့ပါတယ်။ သူတို့ကို လွှတ်ပေးလိုက်တဲ့ အကြောင်းရင်းနဲ့ အခုလို လွတ်မြောက်ဖို့ မစ္စတာ Clapper က ဘယ်သူတွေနဲ့ တွေ့ဆုံ ပြောဆိုခဲ့ရတယ်ဆိုတာကိုတော့ အခုချိန်အထိ မသိရသေးပါဘူး။

အမေရိကန်နိုင်ငံသားနှစ်ယောက် အခုလို အန္တရာယ်ကင်းကင်းနဲ့ အိမ်ပြန်လာနိုင်တဲ့အတွက် အမေရိကန်ပြည်ထောင်စုက သိပ်ကိုဝမ်းမြောက်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက စနေနေ့တုန်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ တကယ့်ကို စိန်ခေါ်မှုကြီးမားတဲ့ လုပ်ရပ်တခုကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့တဲ့ မစ္စတာ Clapper ရဲ့ ကြိုးပမ်းအားထုတ်မှုကိုချီးကျူးကြောင်းလည်း ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတဲ့ အမေရိကန်နိုင်ငံရဲ့အရေးကိစ္စတွေအတွက် ကိုယ်စားပြုဆောင်ရွက်ပေးတဲ့ Sweden နိုင်ငံကို ကျေးဇူးတင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောကြားလိုက်ပြီး အမေရိကန်နိုင်ငံသားတွေ မြောက်ကိုရီးယားကို ခရီးမသွားဖို့ ထပ်မံ သတိပေးလိုက်ပါတယ်။

XS
SM
MD
LG