သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်ရထားပေါ်က အကြမ်းဖက်သမားကို ကန် ၂ ဦးဖမ်းဆီး


သေနတ်သမားကို ဖမ်းဆီးမိခဲ့တဲ့ ပြင်သစ်မြောက်ပိုင်း Arras မြို့က ဘူတာရုံ။ (သြဂုတ် ၂၁၊ ၂၀၁၅)
သေနတ်သမားကို ဖမ်းဆီးမိခဲ့တဲ့ ပြင်သစ်မြောက်ပိုင်း Arras မြို့က ဘူတာရုံ။ (သြဂုတ် ၂၁၊ ၂၀၁၅)

ပြင်သစ်နိုင်ငံ၊ ပဲရစ်စ်မြို့ကနေ Amsterdam မြို့ကို သွားတဲ့ ရထားပေါ်မှာ အကြမ်းဖက်သမား တယောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ဒဏ်ရာရသူ ၃ ဦးထဲမှာ အမေရိကန်လူမျိုး တဦးပါဝင်ပါတယ်။ အဲဒီသေနတ်သမားကိုတော့ အမေရိကန် လူမျိုးနှစ်ဦးက ကူညီ ဖမ်းဆီးပေးခဲ့ပါတယ်။

သေနတ်သမားရဲ့လှုပ်ရှားမှုနဲ့ပတ်သက်လို့ မသိရသေးကြောင်း ပြင်သစ် တာဝန်ရှိသူတွေက ပြောပေမယ့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဝင်တွေက ဦးဆောင်ပြီး စုံစမ်းစစ်ဆေးနေကြောင်း ပြောပါတယ်။

ပြင်သစ် ပြည်ထဲရေးဝန်ကြီး Cazeneuve က - သေနတ်သမား ကို ပြင်သစ်မြောက်ပိုင်း Arras မြို့က ဘူတာရုံတခုမှာ ဖမ်း ထားကြောင်း ပြောပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက ဒီလူဟာ အသက် ၂၆ နှစ်အရွယ် မော်ရိုကိုနိုင်ငံသားဖြစ်ကြောင်းနဲ့ သူ့မှာ အော်တိုမက်တစ် သေနတ်တလက်နဲ့ ဓားတချောင်းရှိနေကြောင်း အတည်ပြုပါတယ်။

ဝန်ကြီး ကာ့ဇဲန်နော့ဗ် က မနေ့ - သောကြာနေ့တုန်း က ပြုလုပ်တဲ့သတင်းစာ ရှင်းလင်းပွဲ အတွင်း သေနတ်သမားဆီက လက်နက်သိမ်းယူနိုင်ဖို့ အမေရိကန်နိုင်ငံသားနှစ်ယောက်က ကူညီခဲ့တယ်လို့ ပြောပါတယ်။ သူတို့နှစ်ယောက် သာ သတ္တိရှိရှိနဲ့ မကူညီခဲ့ရင် ကျနော်တို့ဟာ အလွန် ဝမ်းနည်း ကြေကွဲစရာကောင်းတဲ့ အဖြစ်မျိုးကို ကြုံတွေ့ကြရမှာပါ လို့ ပြောသွားခဲ့ပါတယ်။

အဲဒီ အမေရိကန်နှစ်ယောက်ဟာ အမေရိကန် မရိမ်း တပ်ဖွဲ့ဝင်တွေဖြစ်ကြောင်း ပြင်သစ်သတင်းတွေမှာ ရေးကြပါတယ်။ အမေရိကန် စစ်ဘက်ကလည်း အမေရိကန်စစ်သားတစ်ဦး ဒဏ်ရာရခဲ့ပေမယ့် အသက်အန္တရာယ်စိုးရိမ်စရာ မရှိတဲ့အကြောင်းလောက်ကိုပဲ အတည်ပြုပါတယ်။

တိုက်ခိုက်မှုဟာ ဘယ်လ်ဂျီယံကို သွားရာ အမြန်ရထားပေါ် မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံဝန်ကြီးချုပ် ချားလ်စ် မိုက်ကယ်လ်က အကြမ်းဖက် တိုက်ခိုက်မှုအဖြစ် ပြစ်တင်ရှုတ်ချလိုက်ပြီး ပြင်သစ် သမ္မတနဲ့အတူ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။

XS
SM
MD
LG